7

160 33 0
                                    

"သူဌေးချောချောလေးက နင့်ကို ဘာတွေခေါ်ပြောလိုက်တာလဲ ruto"

အလုပ်ခန်းကိုပြန်ရောက်တာနဲ့ အဆင်သင့်စောင့်နေသည့် သတင်းထောက်မနှစ်ယောက်အား Harutoက မချိပြုံးလေးပြုံးပြရင်း သူ့ခုံမှာ သူ ဝင်ထိုင်သည်။ဘေးနားကို ဝိုင်းလာတဲ့နှစ်ယောက်က တကယ်ပင်စိတ်ရှုပ်စရာ။

"ဟိုအရင်က ငါ နိဟွန်းmangaပွဲမှာ first prizeရတာကို ဘယ်ကနေဘယ်လိုသိသွားတာလဲမသိဘူး အခုအဲ့က jugdeလုပ်ဖို့ခေါ်နေတော့ လိုက်ခဲ့ဖို့ပြောတာ အလုပ်သဘောအရလေ နင်တို့သိမှာပါ"

"ဘာအလုပ်သဘောအရလဲ ငါတို့တောင်မခေါ်ဘဲ နင့်တစ်ယောက်တည်းကို ခေါ်တယ်ဆိုတည်းက ဟင်းဟင်း..."

"လျှောက်ပြောနေ နင်တို့"

"နင်တို့ခနအသာထားစမ်းပါ သူ့အကြောင်း ငါသိလာရပြီ"

နာနမိက သူ့ရဲ့မကြာသေးမီက အကြွေးဝယ်ကတ်နဲ့ဝယ်ထားရတဲ့ ipadကိုထုတ်ဖွင့်ရင်း အခန်းထဲက ပရိုဂျက်တာအား ချိတ်လိုက်သည်။ပရိုဂျက်တာမှာ ပထမဆုံးပေါ်လာတဲ့စာသားက "bossနှင့် ဖရု တွဲဖို့အရေး ဒို့အရေး! အရေးတော်ပုံအောင်ရမည်"ဆိုသော တစ်ရာဖိုးသုံးပုဒ်တန် စာကြီး။

"ပထမဆုံးအချက်
သူက ဥက္ကဋ္ဌကြီးရဲ့ အငယ်ဆုံးသားလေး။ သူ့အထက်မှာ အစ်ကိုကြီးနဲ့အစ်မလတ်ရှိတယ်။ သုံးေယာက်လုံးက NYUတို့ Cambridgeတို့လို ကျောင်းကောင်းတွေမှာ တက်ခဲ့တဲ့သူတွေ။ နင့်ရဲ့သားအငယ်ဆုံးလေးကတော့ Canadaက ထိပ်တန်းတက္ကသိုလ်ကနေ Business & Financeနဲ့ ကျောင်းပြီးလာတာ။

ဒုတိယအချက်
ဥက္ကဋ္ဌကြီးနဲ့သူဌေးကတော်ရဲ့ အချစ်ဆုံးသား။ ဘားသွားတတ်ပေမယ့် အရက်သိပ်မသောက်ဘူးလို့သိရ။ သူငယ်ချင်းအပေါင်းအသင်းသိပ်မရှိပေမယ့် မင်းသား Yoon Jaehyukနဲ့ တအားခင်တယ်။ အသက်က 25နှစ်ဆိုတော့ နင့်ထက် ငါးနှစ်တောင်ငယ်တဲ့ ကလေးကို အချစ်ပေးပြီးကြိုက်ရမှာ ဒါဟာ တိုက်ပွဲပဲ ငါးကောင်!

တတိယအချက်
လက်ရှိမှာ ရည်းစား! လုံးဝ! လုံးဝ! လုံးဝမှမရှိ!။ အရင်တုန်းကတည်းကနေ... အထူးသဖြင့် အထက်တန်းကတည်းကနေ တက္ကသိုလ်အထိတွဲလာတဲ့ Han Groupက ဒုတိယသမီး Imyoungကို Ex​တော်ထားတယ်။ အခုလည်း ပြန်ပြီးအဆက်အသွယ်ရှိနေတယ်လို့သိရတာမို့ အဲ့ Han Inyoungက နင့်ပြိုင်ဘက်ပဲ။ လောလောဆယ် လက်ချာကတော့ ဒီလောက်ပဲ"

𝖬𝗒 𝖱𝗈𝗌𝖾, 𝖬𝗂𝗇𝖾 • ʰʲʷWhere stories live. Discover now