6

168 37 5
                                    

"Haruto ငါ့မောင်။ အစ်မနဲ့ ဥက္ကဋ္ဌရုံးခန်းကို လိုက်ခဲ့ပါအုံး"

"ဟင်?"

အလုပ်ရောက်ရောက်ချင်း တာဝန်ခံအမက ဆွဲခေါ်နေတာကြောင့် Harutoက မလွန်ဆန်နိုင်တော့ဘဲ ဟင်တစ်လုံးတည်းနှင့်ပင် 10လွှာက သူဌေးရုံးခန်းရှေ့ကို ေရာက်လာခဲ့ပြီ။

စိတ်ညစ်ပါသည်။ သူ့မူးနေတာကိုမှ crushညီလေးက မြင်သွားသည့်ကိစ္စမှ တော်တော်ရှက်ဖို့ကောင်းလွန်းသည်မလား?

"လာ ဝင်ခဲ့လေ"

တာဝန်ခံအစ်မက ပေါ့ပေါ့ပါးပါးပင် CEOရံုးခန်းရှေ့က အတွင်းရေးမှူးညီမလေးအား ပြုံးပြကာ ပွင့်လာသည့်မှန်တခါးကိုဖြတ်သန်း၍ လျှောက်သွားသည်။

"လာပြီ အစ်မ"

"ဥက္ကဋ္ဌ Park ခေါ်ထားတဲ့သူရောက်လာပြီ"

"အာ ကျေးဇူးပဲ အစ်မByul"

"ထိုင်ကြပါအုံး"

Harutoက နီရဲပြီးအေးစက်စပြုလာတဲ့ သူ့လက်တွေကို ခါးနောက်သို့ ဖွက်ထရင်း ဆိုဖာခုံကြီးပေါ် ဝင်ထိုင်လိုက်တယ်။ ဆိုဖာတွေကအကြီးကြီးရယ်မို့ ပိန်လွန်းတဲ့သူ့ကိုယ်လုံးက သေးသေးလေးဖြစ်သွားသယောင်ယောင်။

"ကျွန်တော် ကြားထားတာ ဒီက Haruto-shiက ဂျပန်ကိုယ်စားပြု mangaပြိုင်ပွဲတုန်းက ဆုရဖူးတယ်ဆို"

"ဟုတ် ပါတယ်"

"ဒါဆိုအတော်ပဲ အခု Yeonwoo groupကလည်း ဂျပန်-ကိုရီးယား mangaပွဲတော်မှာ judgeလုပ်ပေးဖို့ဖိတ်ခံရတယ်ရယ် ကျွန်တော်ကလည်း mangaအကြောင်းသိပ်မသိသလို japan cultureတွေလည်း နားမလည်တော့ ပွဲတော်ကို အတူလိုက်ပြီး ပြိုင်ပွဲဝင်တွေကို အကဲဖြတ်ပေးနိုင်မလားလို့ပါ"

"deadlineတွေတော့ နောက်ဆုတ်ပေးမှဖြစ်မယ် အဲ့သလိုဆို"

"ရပါတယ် အဲ့အတွက် အစ်မByulက ကူပေးလိမ့်မယ် နောက်ပြီး artistကိုယ်တိုင် လူလုံးထွက်ပြတာဆိုတော့ Haruto-shiဆွဲလက်စရှိနေတဲ့ Moon:Light mangaအပေါ်လည်း engagement များများတက်ပါလိမ့်မယ် ကျေးဇူးပြုပြီး ကူညီပေးပါအုံး"

"ဂျပန်အထိသွားရမှာလားဟင်"

"ဒါပေါ့ဗျ အဆင်မပြေလို့လား ကျွန်တော် လူပြောင်းပြီး-"

𝖬𝗒 𝖱𝗈𝗌𝖾, 𝖬𝗂𝗇𝖾 • ʰʲʷWhere stories live. Discover now