8

163 33 5
                                    

ဒီနေ့က super friday။ အလုပ်ဂျပိုးလေး Haruto ပုံမှန်ဆိုရင် ဒီလိုပိတ်ရက်ရောက်ဖို့ကို မျှော်မနေတတ်။ ပိတ်ရက်ရောက်လျှင်လည်း သူ့မှာလုပ်စရာရှိမနေတာကြောင့် အိမ်မှာနေရမှာလည်း ပျင်းသည့်သူ့အတွက်တော့ ပိတ်ရက်တွေဆိုတာ အထူးအဆန်းမဟုတ်။

သို့သော် သည်တစ်ခေါက်ကတော့ မတူ။ နက်ဖြန်ရောက်ရင် ကုမ္ပဏီက ပိတ်ထားမှာဖြစ်ပြီး overtimeဆင်းကြမဲ့ တာဝန်ခံဝန်ထမ်းတွေသာရှိတာမို့ သူတို့လို manhwa အနုပညာရှင်တွေက ရုံးတက်စရာမလိုပေ။

Harutoက အိမ်ပြန်ရောက်နေတာ သုံးနာရီလောက်ရှိပြီဖြစ်ပေမယ့် အခုထိခြေအိတ်ဖြူဖြူလေးတွေကိုတောင် ချွတ်ရသေးသည့် အနေအထားတွင် ရှိမနေ။ အိပ်ယာပေါ် မှောက်လျက်လှဲကာ ခြေထောက်နှစ်ချောင်းကို အပေါ်ထောင်ရင်း ဖုန်းသုံးနေ၏။

ဖုန်းသုံးသည်ဆိုတာထက် ဇာတ်ကားထိုင်ကြည့်နေတာဖြစ်သည်။ romanceဇာတ်လမ်းတွေကြိုက်တဲ့ Harutoအတွက်တော့ manhwaကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ True Beautyက တကယ်ကိုအဖော်အမွန်ပဲ....

သူတွေးထားတာက သူ့manhwaလည်း တစ်နေ့တော့ Live Actionတစ်ခုအဖြစ် ပြန်လည်ဖန်တီးနိုင်ရမည်ဟူ၍။

ရုတ်တရပ် kakaotalkကနေ မက်ဆေ့ချ်ဝင်လာတာမို့ ဝင်ဖတ်လိုက်တော့ သူတို့သူငယ်ချင်းသုံးယောက်သားရဲ့ စကားပြောခန်း chatting groupမှပို့ထားခြင်းဖြစ်ကာ အကြောင်းအရင်းမှာတော့ "နင် ဖုန်းဆက်ပြီးပြီလား"ဆိုသည့် titleဖြစ်သည်။

အာရုံလာလာနောက်နေသော နှစ်ယောက်ကို Harutoက နှုတ်ခမ်းစူပြီး စာပြန်ပို့တယ်။

< မေ့ထားလို့မရဘူးလား >

< ဒါဆို နင်လူပျိုကြီးပဲလုပ်လိုက်တော့! တကယ်တည်း ငါးနှစ်ငယ်တဲ့ကောင်လေးကို ရမဲ့အခွင့်အရေးနော် ကောင်မလေးနဲ့တွဲတာထက် ကောင်လေးနဲ့တွဲရင် ပိုတောင်အလိုလိုက်ခံရမှာ ဒါမျိုးမဟာအခွင့်အရေးကြီးကို နင်လက်လွှတ်တော့မှာလား >

< တော် တော်!! အာရုံနောက်တယ် နင်တို့နဲ့လည်း တကယ်ပါပဲ >

Harutoက internetကိုပိတ်လိုက်ပြီး သူ့ဖုန်းထဲကို မှတ်ထည့်ပေးလိုက်တဲ့ ဥက္ကဋ္ဌကောင်လေးရဲ့ နံပါတ်ကို ​ထိုင်ကြည့်နေလိုက်သည်။ စက္ကန့်ပိုင်းလောက်ကြာတော့မှ မျက်လုံးစုံမှိတ်ပြီး နှိပ်ချလိုက်သည်။

𝖬𝗒 𝖱𝗈𝗌𝖾, 𝖬𝗂𝗇𝖾 • ʰʲʷWhere stories live. Discover now