Part3 (Z)

374 4 0
                                    

မင်းသခင် ထမင်းစားခန်းရောက်တော့

"လာလာ မောင်မင်းသခင် သမီးလေးနန်းက မနက်အစောထဲက မောင်ရင်တို့အတွက် ချက်ထားတာ"

"ဪ...."

သူကမနက်အစောကြီးထချက်တယ်တဲ့ အင်းးးဆိုးတော့ မဆိုးပါဘူးဒီတချက်

စားရင်းသောက်ရင်း အလုပ်အကိုင်အကြောင်းများပြောနေရင်း မင်းသခင်က

"ဒီအိမ်မာ ခင်များတို့အပြင် တခြားလူများရှိသေးလား"

"အာ...နန်းတို့အပြင် နန်းတို့ရဲ့ အရင်က အိမ်စေရဲ့ သားတော့ ရှိတယ် သူက ရောဂါသည်လေ ပြီးတော့ စကားလဲမပြောတတ်ဘူး ရူးလဲရူးနေတာ အ့တာကြောင့် နန်းတို့ကပဲ သနားလို့ အခုထိစောင့်ရှောက်ပေးထားရတာ အဟင်းးး"

"အမတို့က စိတ်ထားလေးကောင်းလိုက်တာနော် သာဓုပါရှင်" မင်းသခင်အမေက ဝင်ပြောလေတော့

အဟင်းးးမေးတာက တခြားလူရှိလားပဲမေးတာ သူတို့ကိုယ်သူတို့အမွှန်းတင်သွားတာလွန်ရော

"အဟမ်း အ့တာဆို ကျနော် သူ့ကိုတွေ့ချင်လို့ ရမလား"

ဟုတ်တယ် အဖြူလုံးလေးကို တွေ့အောင်လုပ်ကမယ် ပြီးရင် အိမ်တခါထဲခေါ်သွားမယ်

"အို....အကိုမင်းရယ် မတွေ့ပါနဲ့လားရှင် သူကညဝဲတွေတောင်ပေါက်နေတာရှင့် အကိုမင်းကို ကူးကုန်ပါ့မယ်ရှင်"

ဪ....တွေ့ခွင့်မပေးဘူးပေါ့ ရတယ်လေ နောက်တနည်းပေါ့

"ဟုတ်ပြီလေ မတွေ့နဲ့ဆိုလဲ မတွေ့ဘူးပေါ့ ဒါပေမယ့်....."

မတွေ့ဘူးဆိုတော့ မျက်နှာတွေကရွှင်လန်းလာရော အဟင်း အ့မျက်နှာထားတွေ မနက်ဖြန်ထိခံမလား ကြည့်ကြသေးတာပေါ့

"ကျနော်ဒီနေ့ဒီမာအိပ်မယ် သဘောတူတယ်မလား"

"ဟို...အကိုမင်းအိပ်ချင်ရင် အိပ်ပါ အခန်းပြင်ပေးပါမယ်နော် အပေါ်ထပ်တော့မတက်ပါနဲ့တော့ အဲ့ဒီ အ အ လေးကိုထားထားလို့ပါ"

"ရပါတယ် မတက်ပါဘူး"

သွားပဲအိပ်မာ ပြောပြတာ ကျေးဇူးး

ဒီလိုနဲ့ ညရောက်တော့ မင်းသခင် အပေါ်တက်ဖို့ ကြံရလေပြီ

အပေါ်ကို ဖြည်း"ချင်း တက်ရာ နောက်ဆုံး အဖြူရောင်အခန်းလေးရှေ့ရောက်ရှိလာခဲ့ပြီ

မောင့်ရဲ့ငြိမ်းWhere stories live. Discover now