Part 10 🤍

1.2K 49 16
                                        

Wedding Day 🌼🤍 (13.6.2023)

မင်းသခင် ညထဲက အဖြူလုံးလေးကို ထိုင်ကြည့်နေမိတာ အခုထိ။ ဘာရယ်မဟုတ် သူနဲ့ကိုယ်တောင် ယူရတော့မည်ကို တွေးရင်း ရင်ထဲမှာ တမျိုးကြီးပင် မသိရင် ရင်ထဲမှာ ပုရွက်စိတ်လျှောက်နေသလိုပင် ခံစားနေရသည်မှာ အမှန်ပဲ။

"အင်"

"အဟမ်း..မင်းနိုးပြီလား နိုးရင်ထတော့ မျက်နှာသစ် ပြီးရင် မနက်စာစား စားပြီးရင် ဝတ်ရမယ့် အင်္ကျီလာပို့လိမ့်မယ် အ့တာဝတ်ပြီးရင် ထိုင်စောင့်နေ ကြားလား"

ပြန်ဖြေလာမယ့် စကားမမည်သော စကားလုံးလေးမထွက်ခင်

"ဒုန်း"

တစ်ယောက်သောသူကတော့ အခန်းထဲမှပင် ထွက်သွားလေပြီ တစ်ယောက်ထဲကျန်ခဲ့သော ကလေးငယ်ကတော့ လုပ်စရာရှိတာကို လုပ်ရင်း အတွေးများနေလေရဲ့.....

ငြိမ်းအမှန်ဆိုညထဲက အိပ်မပျော်ပါ မနက်ဖြန်ဆို ကိုယ်ချစ်ရတဲ့သူနား နေရတော့မည်ဆိုတာကို တွေးရင်း ဝမ်းသာနေမိသည်မှာ ဘယ်လောက်ပျော်နေကြောင်း ပြောပြချင်မိတဲ့အထိပင် ပြောပြလို့မရနိုင်တာကလွဲလို့ပေါ့။ ငြိမ်းကသာ ပျော်နေတာ မောင်ကရော ပျော်ရဲ့လားပင်မသိ အင်းပေါ့ အကြွေးဆက်ဖို့အတွက်ပဲဆိုတော့လဲ........။

ငြိမ်းက မောင့်အနားမှာ အကြွေးကျေရုံသည်မက သေသည်အထိ နေသွားချင်မိသည်။

ဒေါက်ဒေါက်ဒေါက်

"မပြီးသေးဘူးလား ဒီမာဝတ်စုံတောင်ရောက်နေပြီ ထွက်ခဲ့တော့"

ပြန်ဖြေသံမကြား ဖွင့်မလာသော တံခါးကြောင့် မင်းသခင် စိတ်မရှည်ချင်တော့

"မင်းအခုထွက်လာမလား ကိုယ်တံခါးဖျက်ပြီး ဝင်လုပ်ရမလား"

ဂျောက်!

*ဟွန်း! ဒါမျိုးကျ ကြောက်သား*

ငြိမ်း ဘယ်လောက်အတွေးများနေလဲမသိ မောင်နောက်ဆုံးပြောလိုက်တဲ့ ဝင်လုပ်ရမလားဆိုတဲ့ အသံကြားမှအသိဝင်တော့သည်။

တံခါးဖွင့်ဖွင့်ချင်းတွေ့လိုက်ရသည့် ဝတ်စုံလေကြောင့် ငြိမ်း ငေးကြည့်နေမိသည်မာ သတိလွတ်သည်အထိ

မောင့်ရဲ့ငြိမ်းWhere stories live. Discover now