ပျော်အရွှင်ရဆုံးဖြစ်လာတဲ့နေ့လေး တစ်နည်းအားဖြင့် ငြိမ်းရဲ့ မင်္ဂလာပွဲလေးတောင် ဘာလိုလိုနဲ့ ကျင်းပရတော့မည်။
ငြိမ်းရင်ခုန်နေမိသည်မှာ အမှန်ပင်။ ကိုယ်ချစ်ရသူကို ပိုင်ဆိုင်ရတော့မယ်ဆိုတဲ့ အတွေးလေးနဲ့တင် ငြိမ်းပျော်နေမိသည်မာ ယခုချိန်သေသွားရင်တောင် အပျော်ရပ်မည်မဟုတ်။ဒီလောက်ထိကို ငြိမ်းပျော်နေရပါသည်။
အဖြူလုံးလေးတစ်ယောက် မင်္လာခန်းမထဲမဝင်ခင် အတွေးလွန်နေသည်မှာ အနောက်တွင် ရုက္ခစိုးကြီးက သူ့ကို သေချာစိုက်ကြည့်နေသည်ကို သူသတိမထားမိသည်အထိပင်
သခင် ဟိုကြွက်ဖြူစုတ်ကို ခန်းမထဲခေါ်ရန်လာချိန် တစ်ေယာက်ထဲ အတွေးကမ္ဘာသာယာနေသူကိုဒီတိုင်းကြည့်နေလိုက်သည်။ ပွဲစချိန်နောက်ကျနေပြီဆိုပေမယ့် အ့တာက စောင့်လို့ရသည် မြင်ရခဲသည့် အပြုံးနုနုလေးက စောင့်၍မရ။ ဘာရယ်မဟုတ် ထိုအပြုံးလေးကို သခင်ကြိုက်နေမိသည်။
ဖြစ်နိုင်ရင် ထိုအပြုံးကိုဆက်မြင်ချင်ပေမယ့် တနေကုန်သွားလို့ မယူလိုက်ရရင် ဒုက္ခ။
ဒါကြောင့် မဖျက်ချင်ပါသော်လည်း....
"အဟမ်း ဟိုအတွေးလွန် ပွဲစတော့မယ်"
ငြိမ်းရုတ်တရက် မောင့်အသံကြားမှ အတွေးလွန်နေတာကိုသတိထားမိသွားသည်။ အသံကအနောက်ကလာတာမို့ အနောက်ကို လှည့်ကြည့်မိတော့ အပြာရင့်ရောင်ဝတ်စုံနဲ့မောင်ဟာ တွေ့ပြီးတာတောင် ဘယ်နှခါတွေ့တွေ့မရိုးနိုင်လောက်အောင် ဆွဲဆောင်မှုရှိလှသည်။
"ကြည့်မနေနဲ့ ယူပြီးရင်လဲ မင်းမကြည့်ချင်မှအဆုံးထိုင်ကြည့်လို့ရတယ် အခုသွားဖို့လုပ်ရတော့မယ် အကုန်အဆင်သင့်ဖြစ်ပြီလား"
*ဟုတ်*
"အင်း မိဘနေရာကတော့ ခေါင်ထွဋ်လာခေါ်လိမ့်မယ် သူနဲ့လိုက်ခဲ့"
*ဟုတ်*
"သူ့ကိုတွဲရင် လက်မောင်းအသားကို မထိစေနဲ့နော် အင်္ကျီစကိုပဲကိုင်ပြီးလိုက် အသားတစ်စထိတာငါမြင်ရင် အ့လက်ငါခုတ်ပစ်မယ် ကြားလား"
*ဟုတ်*
မောင်က ဘာလို့အ့လောက်မထိစေချင်ရတာလဲ မဟုတ်မှ သူ့အတွင်းရေးမှူးကို ငြိမ်းအသားနဲ့ထိမိရင် ရွံလို့များလား။