မင်းသခင် dinner မှ ပန်းနုရောင်ငယ်လေးရှိရာ အခန်းဘက်သို့ ခြေလှမ်းကြဲကြီးများဖြင့် လျှောက်သွားနေမိသည်။ ဒီတိုင်းလျှောက်လဲရောက်မာပဲကို အဘယ်ကြောင့် အမြန်လျှောက်နေမိတာလဲ သူ့ကိုယ်သူပင်မသိ။
အခန်းနားရောက်ခံနီးလေ မင်းသခင် ရင်ထဲလှိုက်ဖိုလာလေဖြစ်နေမိသည်မှာတော့အမှန်ပင်။
ဂျောက်..(တံခါးဖွင့်သံ)
အခန်းတစ်ခုလုံးမှောင်မဲကာ တိတ်ဆိတ်နေသည်မှာ လူတစ်ယောက်မှမရှိသည့်နှယ်။ မီးများမဖွင့်တတ်တာလား။ ဒီလောက်ကတော့ သူလဲတတ်မှာပင်။ မင်းသခင် အခန်းမီးဖွင့်ကြည့်တော့လဲ အခန်းဟာရှင်းလင်းနေလျက်။ အိပ်ခန်းအတွင်းဘက်သို့ မင်းသခင်ခြေဦးလှည့်လိုက်သည်။
အိပ်ခန်းတံခါးကိုဖြည်းဖြည်းချင်းဖွင့်ရာတွင် ပထမဆုံး တွေ့မြင်လိုက်ရသည်က ကုတင်ပေါ်မှ ပန်းနုရောင်ငယ်လေး။
အိပ်ပျော်နေသည်ထင် ကုတင်နားလူရောက်လာတာတောင် မနိုးပေ။ အင်္ကျီတွေတောင်မလဲနိုင်လောက်အောင်ထိ အိပ်ရေးအရမ်းပျက်နေသလား ဒါမှမဟုတ်....
"အဟွန်း....ညအတွက်ကြိုအိပ်တာနေမာ"
အိပ်ယာပေါ်မှ ဟမ်းစတာသဖွယ်ကွေးနေအောင်အိပ်နေသော အဖြူလုံးလေးရဲ့ နဖူးလေးအား အနမ်းတစ်ပွင့် ကြင်နာစွာ သက်ဆင်းပြီးနောက် မင်းသခင်ခြေလှမ်းများကို bathroom ဘက်ဦးတည်လိုက်သည်။
ငြိမ်း အိပ်ပျော်နေရာမှ နဖူးပေါ်သို့ အနွေးဓာတ်တစ်ခုလာရောက်ထိကပ်သလိုခံစားရတာကြောင့် အအိပ်ဆတ်သူပီပီ နိုးလာခဲ့သည်။ ငြိမ်း မျက်လုံးဖွင့်ကြည့်မိတော့ ရေချိုးခန်းထဲကိုဝင်သွားသော မောင်။
သူတောင်ပြန်ရောက်ပြီပဲ။ ငြိမ်းလဲ ရေချိုးဦးမှ မချိုးခင် အိပ်ဖို့အရင်ပြင်ဆင်ရမည်။
ငြိမ်းဒီလောက်တော့အလိုက်သိပါသည်။ မည်သူကများ ကိုယ်အကြွေးကြောင့်မဖြစ်မနေယူထားရတဲ့သူနဲ့ တစ်ကုတင်ထဲအိပ်ချင်ပါ့မလဲ။
ထို့နောက် ကုတင်ပေါ်မှ ခေါင်းအုံးတစ်လုံးနှင့် စောင်အပိုလေးကိုယူကာ ဆိုဖာပေါ်မှာနေရာချနေလိုက်သည်။
