"ဒေါက် ဒေါက်"
"ဝင်ခဲ့!"
ဝင်လာပြီးသည်ထိ တံခါးမှမခွာသောလူသားလေး ဒီဟာလေး!! ငါလုပ်မှလုပ်တယ်ဖြစ်တော့မယ်
"လာလေ ဒီကို အ့မာပဲတသက်လုံးတံခါးစောင့်လုပ်မလို့လား လာ!!
ငြိမ်းလဲ မောင့်ရဲ့ဘေးသို့လျှောက်သွား၍ ရပ်နေတုန်း
"ဘယ်သူကအ့မာရပ်ခိုင်းလို့လဲ လာ ပေါင်ပေါ်ကို"
"အင့်"
အားပါပါဆောင့်ဆွဲချက်ကြောင့် ပေါင်ပေါ်သို့ပြုတ်ကျလာသော ခန္ဓာကိုယ်လေး
"ကျုပ်စိတ်မရှည်နေဘူးနော် ကြည့်ကြပ်သတိထား"
*ဟုတ်*
"မင်းကြားခဲ့သလိုပဲ ကိုယ်နဲ့မင်း လက်ထပ်ရမယ် တခြားဘာမှမတွေးနဲ့ အဟမ်း! အကြွေးကြောင့် ယူတာ တခြားဘာစိတ်မှမရှိဘူး"
နောက်ဆုံးစကားကြောင့် ညှိုးငယ်သွားရှာတဲ့ လူတစ်ယောက်ရှိသလို ပြောပြီးခါမှ စိတ်ထဲမလုံသလို ဖြစ်နေတဲ့ လူတစ်ယောက်လဲ ရှိနေပါသည်။
"မင်းမှတ်ထားရမာက မင်းကိုအခုကစပြီး ကိုယ်ပိုင်ပြီ မင်းရုပ် ၊ မင်းနာမ် အစွန်ဆုံးကွာ မင်းရဲ့ ခေါင်းပေါ်မာရှိနေတဲ့ ဆံချည်မျှင်လေးတစ်ချောင်းကအစ ကိုယ်ပိုင်တယ်ဆိုတာကို သေချာမှတ်ထား"
"...."
"ကြားလား ပြောတာ!"
*ဟုတ်*
ကိုယ်ပြောလို့ပြီးပါသော်လဲ ခုထိကိုယ့်ကိုမျက်လုံးဝိုင်းလေးနဲ့မော့ကြည့်နေသူကြောင့်
"ဘာပြောစရာရှိသေးလို့လဲ"
*ဟို... လက်မထပ်လို့မရဘူးလား*
"ဘာ!!!!"
တိတ်ဆိတ်လှသော အခန်းထဲမာ အော်သံဟယဟိန်းထွက်သွားတာကြောင့် ကိုယ်သေးသေးလေးဟာ တုန်ခနဲ
"အ့စကားကို ပြန်ပြောရဲရင်ပြန်ပြောကြည့် အ့လက်ကို ရိုက်မချိုးပစ်ရင် ကျုပ်ကိုလာသတ်လိုက်!!"
လေသံမာလိုက်မိတာကြောင့် မျက်ရည်များဟာ တာကျိုးသည့်နှယ် ပါးဖောင်းလေးပေါ်သို့ စီးဆင်းနေချေပြီ။
"ကျစ်! မငိုနဲ့ ကျုပ်ပြောပြမယ် "
မျက်ရည်များကို မနူးညံ့တတ်သော်လဲ အတတ်နိုင်ဆုံး နူးညံ့စွာပြောပြီး သုတ်ပေးနေမိသည်။
"မင်းသာအခုချိန်အိမ်ပြန်လိုက်လဲ မင်းဘဝကကျွန်နဲ့မခြားဘူး ကိုယ်က မင်းကိုအ့လိုထပ်မဖြစ်စေချင်လို့ ပြီးတော့ အဟမ်း မာမီတို့ကလဲ အကူညီတောင်းထားလို့ အခုလိုလုပ်လိုက်တာ"
ဟုတ်ပါသည် မာမီ့ကိုအကြောင်းစုံပြောပြတော့ သူမလဲအလွန်စိတ်မကောင်းဖြစ်မိသွားကာ ဘယ်နည်းပဲသုံးရသုံးရ သုံးပြီး ငြိမ်းငယ်လေးကို သု့အိမ်ပြန်အပါမခံပဲ အိမ်မာပဲခေါ်ထားပါတဲ့လေ ဒါကြောင့် ဒီနည်းကိုသုံးလိုက်ခြင်းသာ
"ပြီးတော့ မင်းမသေမခငျြး သေပြီးနောက်ဘဝရောက်တဲ့ထိမှတ်ထားရမာက
ငြိမ်းလွှမ်းရိပ်ဆိုတာ မင်းသခင်အတွက် အမြဲ အေးချမ်းမှုတွေ လွှမ်းမိုးနေတဲ့ အေးချမ်းလှတဲ့မရှိမဖြစ် အရိပ်နေရာလေးတခုဆိုတာပဲ ဒါကြောင့် ဘာမှထပ်ပြောဖို့ မစဉ်းစားနဲ့"
သူကတော့ဘာရယ်မဟုတ်ပြောလိုက်ပေမယ့် ငြိမ်းရင်ထဲ အကောင်လေးတွေလျှောက်ပြေးနေသလိုပဲ ခံစားလိုက်ရသည် သို့ပေမယ့် သိချင်နေတဲ့ အရာတခုကိုတော့ ထုတ်မေးလိုက်မိသည်
*မင်္ဂလာဆောင်ကဘယ်နေ့လဲဟင်*
ပြန်ကြားလိုက်ရသည့် အဖြေစကားကြောင့် ငြိမ်းဖြင့် ဟင် ခနဲ
"မနက်ဖြန်"
*ဟင်*
"အိပ်တော့ မနက်ဖြန်အတွက် အားမွေးထား"
ဒီလိုနှင့် နွေးထွေးလှတဲ့ ရင်ခွင်ကျယ်ကြီးထဲမှကိုယ်လုံးသေးသေးဟာ ခဏအကြာမာ နှစ်ခြိုက်စွာ အိပ်မောကျသွားလေတော့သည်။
ဒီညလေးဟာလဲ လှပနေတဲ့ညလေးတွေထဲက တရက်အဖြစ်ရှိနေခဲ့ပြန်သည်
**********************
အရမ်းတိုသွားတာတောင်းပန်ပါတယ်နော်အစာအိမ်ကြောင့်အဆင်မပြေသေးလို့ပါ
နောက်အပိုင်းအရှည်ရေးပေးပါမယ်နော်
မျော်နေပေးကြတဲ့တစ်ဦးဆီကိုလဲကျေးဇူးတင်ပါတယ်ရှင့်