ဆေးရုံကြီးရဲ့အတွင်းမာ ဆရာဝန်၊သူနာပြုတွေဟာ အလုပ်ကိုယ်စီကို ကျေပွန်စွာထမ်းဆောင်လျက်ရှိနေစဉ်.................
V.I.P အခန်းတစ်ခုတွင်တော့
"လူနာက ပြုတ်ကျတာမလို့ ခြေထောက်ထိသွားပါတယ် တစ်လတန်ချီ နှစ်လတန်ချီ တော့ ပြန်ကောင်းအောင်လုပ်ရမာမလို့ အကူထားပေးရင်ပိုကောင်းပါမယ်"
"ဟုတ်ကဲ့ဆရာ"
"ကဲ...ဒါဆို ကျနော့်ကို ခွင့်ပြုပါဦး လိုအပ်မယ့်ဆေးတွေ လူနာစောင့်တစ်ယောက်လောက်လိုက်ယူပေးပါ"
"ဟုတ်ကဲ့ဆရာ သမီးနန်းလိုက်သွားလိုက်နော်"
"ဟုတ်ကဲ့အမေ"
ခင်နန်းစုထွက်သွားတော့
"မောင်မင်းသခင် အဆင်ပြေရဲ့လားကွယ် အန်တီတို့အိမ်မာဖြစ်တာဆိုတော့ အန်တီတို့ တာဝန်လဲမကင်းဘူးလေ အဟင်းး"
စလာပါပြီ ရိုးနေပြီ ဒီဇာတ်လမ်း တာဝန်မကင်းလို့ သမီးကို ထိုးပေးမယ် ငါနဲ့နီးစပ်အောင်လုပ်မယ် ညားအောင်အရောက်ပို့မယ် သူတို့က ရွှေဘုံစံမယ် ခင်များအကြံတိုင်း အယောင်လိုက်ပေးလိုက်ပါ့မယ် အဟင်းးး ထိုးတော့ထိုးပေးရမာပါ ခင်များသမီးတော့မဟုတ်ဘူး
"အဟမ်း အန်တီတို့တာဝန်နဲ့ မကင်းတာ သိတယ်ဆိုရင်လဲကောင်းပါတယ် အ့တော့လဲ ကျုပ်တိုက်ရိုက်တောင်းဆိုရမာပေါ့"
"ပြောပါမောင်ရင် ပြောပါအကုန်လိုက်လျောပေးပါ့မယ်"
ကျစ်! ဒီဘွားတော် တော်တော်ဆေးမမှီတာပါလား တောင်းမာပါမပူနဲ့ တောင်းတော့မှမပေးရငျ မင်းသခင်အကြောင်း ကောင်း"သိစေရမယ်
"အ့တော့ ကျုပ်ဒီလိုဖြစ်အောင်လုပ်တဲ့ ခင်များတို့အိမ်က ကောင်လေးကို ကျုပ်အိမ်ခေါ်ထားမယ်"
"ဟေ...မောင်မင်းသခင် မ မဟုတ်ဘူးလေကွယ် သူ သူက"
"ကျစ်! ခင်များပြောတယ်လေ အကုန်လိုက်လျောပေးမယ်ဆို အခုမှလာပြီး ဟုတ်တာတွေမဟုတ်တာတွေ လုပ်မနေနဲ့ ကျုပ်သည်းခံနေတာ မာမီ့ကြောင့် အခုနောက် တစ်နာရီအတွင်း ကျုပ် အ့ကောင်လေးကို ကျုပ်အနားမာ မြင်ချင်တယ် ဒါပဲ "