*ဇာတ်လမ်းမမှတ်မိတော့ရင် အစကနေပြန်ဖတ်ပေးပါနော်*
" သတို့သား၂ယောက် အကြင်နာပေးလို့ရပါပြီ"
ထိုစကားအဆုံး ပန်းနုရောင်ငယ်လေးမျက်နှာမှာ သိသိသာသာ ရဲတက်လာပုံမှာ ပန်းသီးနီလေးတစ်လုံးနှယ်။
မင်းသခင်မှာ ရှေ့က ပန်းနုရောင်ငယ်လေးရှက်သွေးဖြာသွားပုံကို တစ်မေ့တစ်မောငေးနေမိသည်မှာ ဘုရားရှေ့မှ ခြင်္သေ့ရုပ်ကြီးပမာ တောင့်တင်းနေသည်။
"သတို့သားရေ တစ်ညလုံးထိုင်ကြည့်လို့ရတယ် နမ်းစရာရှိတာနမ်းပါဟ အားမရတော့ဘူး ငါတက်နမ်းပလိုက်မှာနော်"
"ငါ့လီးကို လာနမ်း"
ခေါင်ထွဋ်အသံကြားမှ မင်းသခင်မှာ အသိပြန်ဝင်လာတော့သည်။ စောက်ချိုးမပြေပြောလာသော ကောင်ကြောင့် ပြန်ဆဲပေးရသည်ကလဲ တစ်လုပ် ငါလိုးမသား။
"ရွှတ်"
ရုတ်တရက် နဖူးသို့ နူးညံ့စွာ လာထိရောက်သော နှုတ်ခမ်းပါးကြောင့် ငြိမ်းမှာ ရင်တုန်သွားရသည်။ မပြောမဆိုနဲ့ မောင် သိပ်ဆိုးပါသည်။
"ဟာ....နှုတ်ခမ်းကို ပြွတ်ပြွတ်ဦးလေကွာ.."
အားမရသောအသံဖြင့်ပြောလိုက်သော
ခေါင်ထွဋ်၏ စကားအဆုံး"ငါ့လီးကို ပြွတ်ပြွတ် စောက်ကြောမရှည်နဲ့ နမ်းချင်ရင် မင်းဘာသာတစ်ေယာက်ယူ "
"လီး!!"
"သူရတိုင်းလိုက်ပြောနေတယ် မမ ချောချောလေးကိုအမ်းမှာမလို့ မယူသေးတာကိုများ "
ခေါင်ထွဋ်၏ မကျေမနပ်ထွက်လာသောစကားသံအဆုံး
"အဟမ်း!!...မင်္ဂလာပွဲအထမြောက်ကြောင်း ကြေညာအပ်ပါသည်ခင်မျာ...."
ဘုန်းတော်ကြီးစကားအဆုံး ခမ်းမတစ်ခုလုံး လက်ခုပ်တီးသံများမှာ မြိုင်ဆိုင်စွာ ထွက်ပေါ်လာတော့သည်။
"လာ အခန်းထဲသွားမယ်"
"အမ်"
"အဟမ်း...ဟို အဝတ် အင်း အဝတ်လဲဖို့သက်တောင့်သက်သာမရှိမှာစိုးလို့"
ဒီအဖြူလုံးလေး ဒီလောက်လှနေတာ ကြာကြာထားလို့မဖြစ် ကိုယ့်အခြေအနေကြောင့် သူ့ကို သတ်ချင်သူများမှာ လမ်းကြောင်းပြောင်းသွားနိုင်သောကြောင့်ပင်....
