ငြိမ်း ထိုလူကြီးရဲ့လက်တွေကို နှိပ်ပေးနေတုန်း လက်ကို အားပါပါ အဆွဲခံလိုက်ရတာကြောင့် ခန္ဓာကိုယ်သေးသေးလေးကပါ ရွေ့ခနဲ.....အပြင်
"အင့်" လို့ပင် အသံထွက်မိသည်အထိ အားပါလှသော ဆွဲချက်ပင်....
'ကျစ် ခန္ဓာလေးက သေးလိုက်တာကွာ နောက်ကျ အိမ်ခေါ်ရင် အာဟာရဖြစ်တာကျွေးရမယ်'
{'' စိတ်ထဲကပြောတာကို ရည်ညွှန်းခြင်း}
"အဟမ်း မင်းနှိပ်ပေးတာက လက်ပေါ် ပုရွက်ဆိတ်လျောက်နေသလိုပဲ"
တကယ်လဲအ့အတိုင်းပါပဲ ယွစိယွစိနဲ့ နှလုံးသားထဲက
"အင်" အာမေဍိတ်သံ သေးသေးလေး တကယ်အသည်းယားစရာအတိ
"ကဲထားပါ အခုမင်းကဒီကိုဘယလို့ရောက်လာလဲသိတယ်မလား"
ခေါင်းခါပြလာသော အဖြူလုံးလေ ကျစ်! ဟိုဘွားတော် မပြောပြထားဘူးထင်တယ် အဟင်းအ့တော့လဲ ငါကိုယ်တိုင်ပြောပြရတာပေါ့
"အဟမ်း ကျုပ်ကို ပြုစုဖို့လွှတ်လိုက်တာ ခင်များလေးကြောင့် ကျုပ်ဒီလိုဖြစ်ရတာသိတယ်မလား"
ခေါင်းခါပြလာပြန်သောအဖြူလုံးလေး
ငြိမ်းကြောင့်မှမဟုတ်တာ သူ့ဟာသူ ဆင်းပြီးတော့ ပြုတ်ကျတာကို
"အဟမ်း! ဒါပေမယ့် ခင်များလှမ်းမဆွဲလို့ ပြုတ်ကျတာလေ ဟုတ်တယ်မလား"
အရှက်ပြေချောင်းဟန့်ရင်းပြောတော့ မျက်လုံးလေး ဝိုင်းသွားကာ စဉ်းစားနေဟန်...
Wait! Wait! အခု အရှက်ပြေလို့ငါစဉ်းစားလိုက်တာလား ငါဆိုတဲ့ မင်းသခင်ကလေ အဟားးးအဖြူလုံးလေး ခင်များပြုစားရက်တယ်ဗျာ
"ကဲ ဟုတ်တယ်မလား စဉ်းစားမနေနဲ့ ဟုတ်တယ်ဆို ဟုတ်လိုက် ကျုပ်စိတ်မရှည်ဘူး"
ဒီတော့မှ ခေါင်းငြိမ့်ပြလာသည်။
"ကဲ အခု ကျုပ်ကို ဆန်ပြုတ်တိုက် ကျုပ်ဗိုက်ဆာပြီ"
"အမ်..."
"ဆန်ပြုတ်တိုက်လေဗျာ ခင်များဘေးမာလေ"
ဒီလိုနဲ့ ဆန်ပြုတ်တိုက်ရင်း....
"ခင်များကို ပြောစရာရှိတယ် ပြောစရာဆိုတာထပ် အသိပေးစရာဆို ပိုမှန်မယ်"