𝐈𝐍𝐓𝐑𝐎:မိုး
တစိမ့်စိမ့်နဲ့ ရွာတတ်တဲ့မိုး
ဖွဲရုံသာကျပြီး ထွက်ပြေးတဲ့မိုး
တိမ်စိုင်တိမ်လိပ်တွေ စုဝေးရင်း ချော့မြူတတ်တဲ့မိုး
ကောင်းကင်တစ်ခွင်လုံး အနက်ရောင်ခြယ်တဲ့ canvas စ ပေါ်ကို ဆေးဖြူစက်တွေ လောင်းချမိသလို သည်းသည်းမည်းမည်း ရွာတတ်တဲ့မိုး
ကိန္နရီ ကိန္နရာတို့ မျက်ရည်ပေါက်ငယ်တွေ မြေပြင် ကျဆင်းချိန် တန်ပြီလား။
မျက်ရည်မိုးတွေ သွန်းဖြိုးချိန် ရောက်လေပြီလား။
ယခု အပြင်မှာ လောကကြီး က ဝမ်းနည်းလို့တဲ့။
ယနေ့ အပြင်မှာတော့ မိုးတွေ ငိုနေတယ်။
───────────────────
အေးသွဲ့သွဲ့ မိုးလေတွေက အခန်းငယ်ထဲက တလူလူလွင့်နေတဲ့ လိုက်ကာစလေးအောက်မှတိုးဝင်ကာနေ။
လေရှိန်နဲ့ အမဲဆီသုတ်ပြီးကာစ ပြောင်လက်နေတဲ့ ကြမ်းပြင်ပေါ် မိုးစက်ကလေးတွေ ပက်ဖြန်းလာတယ်။
ဟ, ထားတဲ့ ပြတင်းပေါက်မှန်လယ်ကလည်း လျှပ်ပျက်ရင် တဝင်းဝင်းနဲ့ ရုပ်ရှင်တွေထဲက သရဲခြောက်တဲ့ စံအိမ်ကြီးတွေလို။
အဲ့ဒီ ကြမ်းပြင်ပေါ်ကနေ လိမ့်ဆင်းသွားတဲ့ မိုးရေစီးကြောင်းလေးက ကြည်စင်ဝါဝင်းတဲ့ ခြေဖမိုးတစ်စုံဆီကို အပတ်တကုတ် စီးသွားလေရဲ့။
"ကျစ်"
ထို အမျိုးသားငယ်က အလိုမကျစွာ အသံပြုတယ်။
စိုစိစိအရသာကို ခြေဖဝါးကနေပြီး သူ့တစ်ကိုယ်လုံး ခံစားလိုက်ရချိန် တအိအိနဲ့ ရွာနေတဲ့ မိုး ကို သူအပြစ်တင်တယ်။
မိုးစက်မိုးပေါက်တွေက သူ့အတွက် နာတာရှည်ရောဂါသည်ရဲ့ ညီးညူသံတွေလိုပဲ။
မိုးခြိမ်းသံတွေက ဂစ်တာကြိုးကို တီးခတ်ရင် စီးကျတဲ့ ရစ်သမ်တစ်ခုလို သူခံစားရပေမဲ့ပေါ့။
သူ့ဘဝ ရစ်သမ်တွေက ကမောက်ကမဆန်တယ်။
အလုပ်နဲ့အိမ်ပဲ ကူးလူးပြေးလွှားနေရပေမဲ့ ဆရာဝန် ဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ သူ ပျော််မွေ့တယ်။
![](https://img.wattpad.com/cover/324341074-288-k696430.jpg)
YOU ARE READING
𝐬𝐭𝐢𝐥𝐥 𝐰𝐢𝐭𝐡 𝐲𝐨𝐮
Fanficwatching you slowly falling apart is the best thing i've ever done in my life.