다섯

520 93 1
                                    

အိမ်ပြန်‌ရောက်လို့ ခလုတ်တက်ပြီးသား ပေါင်းအိုးထဲက ပူနွေးတဲ့ ထမင်းနံ့လေး ဆီးကြိုနေအောင် လုပ်ပေးစေချင်တဲ့ သူလေးက မျက်စိရှေ့တင် လမ်းပျောက်။

ဆရာဝန်ဆိုတော့ အစားအသောက် ကြေးများရုံတင်မဟုတ်ဘဲ အလုပ်ကလည်း ရှုပ်သေးတယ်လေ။

သူကလည်း မြေပုံမဟုတ်တော့ လမ်းပျောက်နွားနို့လေးအတွက် ဘယ်တတ်နိုင်ခဲ့။

လူတွေမှာ ရင်းနှီးမှုတွေ ရှာလာပါများရင် အထီးကျန်ရတယ်။

ပေးဆပ်အနစ်နာခံမှုတွေ များလာရင် ဆုံးရှုံးနိုင်နှုန်း မြင့်တက်လာတယ်။

လိုချင်တာ‌တွေ၊ လိုအပ်တာတွေကို ဘေးဖယ်ထားရင် တစ်ခါလောက် ခံစားချင်ဖူးတာ အိမ်ရဲ့ လုံခြုံနွေးထွေးတဲ့ မေတ္တာရိပ်မြုံလေးပါပဲ။

အလုပ်က ပြန်လာလို့ မောရင် ရေခပ်တိုက်ဖို့ကို ပြောတာမဟုတ်ဘူး။

ဒီအတိုင်း...
ဒီအတိုင်းလေး သူကိုယ်နဲ့ အတူရှိနေတဲ့ဆိုတဲ့ အသိ။

သူ့ဘာသာ အိမ်ထဲက ဆိုဖာတွေပေါ်တက်, ကနေပြီး ကိုယ်ပိုင်စတိတ်ရှိုး ကျင်းပရင်လည်း ကျင်းပနေမယ်။

တံမြက်စည်းကြီးကို ဂစ်တာလို လုပ်တီးပြီး သီချင်းတွေ အော်ဆိုရင်လည်း ဆိုနေမယ်။

ဆင်ဝင်နှောက်သလို ရှုပ်ပွနေတဲ့ မီးဖိုချောင်ထဲမှာ dinner အတွက် ချက်ပြုတ်နေတဲ့ ပေတူးတူးမျက်နှာလေးနဲ့ ကျောပြင်ငယ်လည်း ဖြစ်ချင်ဖြစ်မယ်။

ဘာဝေယျာဝစ္စမှ မလုပ်ထားဘဲ သူပြန်အလာကို စောင့်ပြီး လူပေါ်ပဲ ဖက်တက် အချွဲပိုမဲ့ ကလေးဆိုးလေးလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။

အဓိက, က အိုမင်းတဲ့နှုတ်ဆက်ချိန်တွေကို သူနဲ့အတူပိုင်ဆိုင်ရဖို့။

အဲ့ဒီလို စဉ်းစာမိလို့ ပီပြင်လွန်းတဲ့ အပြုံးတွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပျော်ရွှင်မှုတွေ ကူးစက်သွားလည်း happy virus သယ်ဆောင်လာတဲ့ လူနာလေးကို ဆရာဝန်လေးက စိတ်မဆိုးရက်ပါဘူး။

ထာဝရ ဆိုတာ လွယ်တာမှမဟုတ်ဘဲ။
မရှိဘူး ဆိုပေမဲ့ မဖြစ်နိုင်ခဲ့ရင်တောင် သူနဲ့အတူ ဖြတ်သန်းရတဲ့ စက္ကန့်နေ့စွဲတိုင်းဟာ လူနာလေးနဲ့ဆရာဝန်လေးရဲ့ ဘဝစာမျက်နှာတွေကြားက ထာဝရ ပါပဲ။

𝐬𝐭𝐢𝐥𝐥 𝐰𝐢𝐭𝐡 𝐲𝐨𝐮Where stories live. Discover now