일곱

535 98 6
                                    

ချစ်ခြင်းမေတ္တာကို ဘယ်လိုရှာတွေ့ခဲ့သလဲ။ လက်လွှတ်လိုက်ရတော့မယ်ဆိုတဲ့ အသိတရားက ဆောင့်တွန်းမှ ဗရုတ်ကျစွာ ရှာတွေ့တယ်။

ဧည့်ခန်းထဲက မိုးပြေးလေး ပြောင်းပြန်ကိုင်ပြီး ဖတ်နေခဲ့တဲ့ စာအုပ်လေးလေ။ တစ်နေ့ကမှ ဟီဆွန်းလည်း သေချာ မြင်ခဲ့ရတယ်။

သူလည်း ငေးခဲ့ရဖူးတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းလေးပဲ။

သူတို့နှစ်ယောက်ထက် ကိုယ်တို့ ဇာတ်လမ်းလေးက ပိုလှပမယ်လို့ ထင်မိတာ ကိုယ် သဘောတွေကျမိပါတယ်။

တစ်ခါတစ်လေတော့လည်း ကိုယ့်မှာ တွေးမိပြန်တယ်ရယ်။

ဪ...
ဒီအတွေးတွေ အဆုံးသတ်သွားခဲ့ရင် အကောင်းသားလို့။

ဒါပေမဲ့ အတွေးတစ်ခုကို ဖြတ်တောက်ပစ်ဖို့ ခက်ခဲသလို သဘောကျတယ်ဆိုတာက တစ်အိမ်ဝင်တစ်အိမ်ထွက် ရှာခဲ့တဲ့ နှလုံးသားလေးမှ မဟုတ်ဘဲ။

ဖိနပ်ချွတ်ဖို့ တားထားတဲ့ ခုတန်းလေးကို ကျော်ပြီး နူးနူးညံ့ညံ့လေး အသံတိတ်ဝင်ခဲ့တာ။ ခြေအိတ်တွေကလည်း အိမ်ဝင်ဝမှာ ချွတ်ထားခဲ့တာ ဘရန်ဘရန်ပဲ။

အသာတကြည်လက်ခံပေးဖို့ မျှော်လင့်စရာမလိုအောင်ကို သဘောကောင်းလွန်းတဲ့ အိမ်ပိုင်ရှင်လေးရယ်..

ကိုယ် တံခါးခေါက်ဖို့ မေ့ခဲ့ပါရဲ့၊ ပြီးတော့ ဦးနှောက်ထဲမှာ တွယ်နေတဲ့ အိမ်အမှတ်က မင်းဟာဖြစ်နေတော့.. ဦးတည်သမျှ ခြေလှမ်းတိုင်းက မိုးစက်သံသရာစက်ဝန်းထဲက မိုးပြေးလေးတွေနဲ့ အတိုက်အခံလုပ်လို့ ကောင်းနေဆဲပါပဲကွယ်။

ဒါနဲ့ မိုးစက်တွေကို ပုံပြင်ဖွဲ့ရင် မင်းနဲ့ကိုယ်နဲ့ ဘယ်သူအရင် ဖတ်ဖြစ်မလဲ။

───────────────────

chemical တွေ အခြောက်ခံထားတဲ့အနံ့။

beaker ခွက်တွေ ဟိုကျဲကျဲ၊ ဒီ ကျဲကျဲ။

စမ်းသပ်ခန်းမှာ လျှပ်စစ်မီးချောင်းပေါင်းများစွာ ရှိပါရဲ့နဲ့ ထွန်းထားတာ စားပွဲခုံအပေါ် တည့်တည့်က မီးသီးလေးတစ်လုံးတည်း။

ပိုးဖလံတစ်ကောင်က ဘောပင်နဲ့ အဆက်မပြတ်ရေးနေတဲ့ ဟီဆွန်းလက်ကို လာတိုးတယ်။ တဂျစ်ဂျစ်မြည်နေတဲ့ မီးသီးကိုတော့ အလုပ်ပြီးမှ အပြင်ထွက်ဖို့ စိတ်ပါရင် ဝယ်လဲမယ်။

𝐬𝐭𝐢𝐥𝐥 𝐰𝐢𝐭𝐡 𝐲𝐨𝐮Where stories live. Discover now