여덟

429 82 9
                                    

ပြဿနာတစ်စုံတစ်ရာကနေ ထွက်ပြေးတယ် လို့ပဲ ခေါ်ရမလား..။

အရှုံးပေးချင်စိတ်တွေ ပြင်းထန်လာရင်။

ဒါမှမဟုတ်လည်း အစတည်းကိုက ဘာပြီးရင်ဘာလာမယ်၊ ဘာဖြစ်မယ် ဆိုတာကို သိရက်နဲ့ ဆက်ချိန်တွယ်နေမိတဲ့ ဘက်မညီတဲ့ ဘဝရဲ့ ချိန်ခွင်လျှာတွေများလား။

တစ်ခုခုကတော့ ဖြစ်ကို ဖြစ်ရမယ်။ သေတာပဲ ဖြစ်ဖြစ်၊ ရှင်တာပဲ ဖြစ်ဖြစ်။ ဇာတ်သိမ်းလှစရာမလိုဘူး။ ဇာတ်သိမ်းသွားရင် ပြီးရော..။

ဝမ်းနည်တယ်ဆိုတာ ခဏပဲ၊ ပူဆွေးနေရတာကမှ တမြေ့မြေ့နဲ့ သိပ်လွန်လွန်းတယ်။ ပျော်ရွှင်ဖို့ မေ့သွားရင်တော့ သူလည်း မတောင်းပန်တတ်တော့ဘူးရယ်။ ဒီအရာလေး မရှိလည်း အဆင်ပြေပါတယ်.. သူအဆင်ပြေမှာပါ။

စာအုပ်ထဲက ဘဝကို ဖောင်တိန်မင်စွတ်ပြီး ရေးလို့ရပေမဲ့ ဘဝထဲမှာကျ ပွစလောင်းခတ်နေတဲ့ အဲ့ဒီစာအုပ်တွေကို ဖတ်ပဲဖတ်လို့ရတယ်။ ကိုယ့်အတိတ်မှာ ပြုလုပ်ခဲ့သမျှရဲ့ သမိုင်းစာအုပ်တွေပေါ့။

သမိုင်းတွေနဲ့ ရေးထားတဲ့ စာအုပ်..
စာမျက်နှာ ကျော်ချခွင့် မရှိဘူး။ မမြင်ချင်ယောင်ဆောင်ရင်တောင် ကိုယ့်ဘဝသမိုင်းမို့ အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဆုတ်ဖြဲပစ်ဖို့တော့ လက်မရဲကြဘူးမလား။

ကိုယ်တို့.. သမိုင်းတွေ မှားရေးနေခဲ့ကြပြီလား..။

───────────────────

ပါးပြင်ပေါ်မှတစ်ဆင့် လိမ့်ကျသွားတဲ့ မျက်ရည်တစ်ပေါက်က ဖိအိပ်နေမိတဲ့ စာရွက်ကြမ်းထက် ပိုက်ကနေညှစ်ချလိုက်တဲ့ ရေတစ်စက်လို ပျံ့ရောသွားတယ်။

ထွေပြားစွာ ပွင့်လာတဲ့ မျက်လုံးတွေက မျက်တောင်ကန့်လန့်ကာလေးတွေ ပြန်ချချင်နေပြီ။

အဖျားခတ်ကာ ရှိုက်သွင်းမိတဲ့ သက်ငွေ့နောက် နှုတ်ခမ်းပါးတို့ကပါ ခပ်တုန်တုန်။

ရုတ်တရက် ဦးနှောက်က ရုပ်ရှင်ရုံတစ်ခု ဆောက်တယ်။

အဲ့ဒီအထဲမှာ အနှေးပြကွက်တွေနဲ့ ဇာတ်ကောင်နှစ်ယောက်၊ မြန်ချင်မြန်၊ နှေးချင်နှေး တဆွေးဆွေးသွားနေတဲ့ ခုံတန်းလျားပေါ်က စကားသံတွေ။

𝐬𝐭𝐢𝐥𝐥 𝐰𝐢𝐭𝐡 𝐲𝐨𝐮Where stories live. Discover now