"ဟ ဟား ဘာဖြစ်လို့ ဦးလေးကြီးလဲ !"အခန်းတွင်း အော်ပြောသံက နားကန်းလောက်တယ်။ end of days အမည်ရှိတဲ့ စာအုပ်ကို လှန်လှောနေရင်းနဲ့ အလိုမကျစိတ်က ပြင်းထန်လာတယ်။
ဟီဆွန်း တောက်တစ်ချက်ကို သာသာလေးခေါက်မိလျက်။ အခု သူ့ရဲ့ private library လေးမှာ မပြီးပြတ်သေးတဲ့ ဖတ်လက်စ စာအုပ်နဲ့ဆိုတာ သောက်နေကျ black coffee တစ်ခွက်ကို ဖြတ်ဖို့, ခက်သလိုပဲ။
"အား...."
ရင်တွင်း ပေါက်ကွဲသံစဉ်တွေကို နံရံဝါကလွဲ နားထောင်မဲ့သူမရှိတော့ အမြှုပ်တစီစီထနေတဲ့ ကိုလာဗူး အဖုံးကိုသာ ချောက်ခနဲ ဖွင့်ပြီး တစ်ထိုင်တည်း မော့ချပစ်တယ်။ ပူရှိန်း ချိုပြင်းတဲ့ အရသာက လည်ချောင်း တစ်လျှောက်လည်း စီးဆင်းပြီးရော ဟီဆွန်းစိတ်က ထိုဆာဆာလေး ခေါ်တဲ့ နာမည်ဆီကို ပြန်ရောက်သွားရော။
သူ့လို သန်တုန်းမြန်တုန်း ဥစ္စာပေါ အဟုတ်ချောတဲ့ ကိုခန့်ညားကို ဦးလေးကြီးတဲ့လေ။ နေပါဦး။ ဟီဆွန်း ရုပ်က ဘယ်နားများ အိုနေလို့လဲ။ ဆရာနဲ့ကျောင်းသား ဇာတ်လမ်းလိုမျိုး ဆယ်စုနှစ်တစ်ခုပဲ ကွာတာကို။
သူ့ အဖေနဲ့ အသိမို့လို့ ဦးလေးကြီး တန်းဖြစ်သွားလေရောလား။ အဓိပ္ပာယ်မရှိိလိုက်တာ။ စစ်ထုတ်ထားတဲ့ ရေကြည်ထက်တောင် သူ့စကားလေးတွေက ကြည်လင်ရှင်းလင်းစွာပဲ မှတ်မိနေသေးတယ်။ ထိုနေ့က။
"ဒီတော့... ဦးလေးကြီးကရော ဆရာဝန်ပဲလား"
"ဗျာ?"
ဆိုဖာသားတစ်ဖက်စီမှာ လက်လေးတွေထောက်ထားရင်း ခပ်မော့မော့နဲ့ ရှေ့တိုးမေးလာတဲ့ ကောင်လေးကြောင့် အာမေဋိတ်သံသာ ဟီဆွန်း ပြုနိုင်တယ်။
ctrl c ctrl v ဆိုတာ ထိုကောင်လေးတို့ သားအဖနှစ်ယောက်ကို ပြောတာ။ ရုပ်ရည်တင်မဟုတ်ဘဲ စကားပြောပုံဆိုပုံကအစ တစ်ထေရာတည်းတွေ။
"ဟုတ်ပါတယ် အစ်ကိုက ဆရာဝန်ပါ"
ဆောင်းဟွန်း နှုတ်ခမ်းလေးက အင်္ဂလိပ်အက္ခရာအိုပုံစံ ဝိုင်းသွားပြီး လက်ကလည်း အိုကေ sign ထောင်ပြလေတယ်။
YOU ARE READING
𝐬𝐭𝐢𝐥𝐥 𝐰𝐢𝐭𝐡 𝐲𝐨𝐮
Hayran Kurguwatching you slowly falling apart is the best thing i've ever done in my life.