စကားတွေက physics လိုပဲ။ တစ်ခွန်းစီတိုင်းမှာ action-reaction နဲ့။
ကိုယ့်အတွက် ပေါ့ပေါ့ပါးပါးလေးပဲ ပြောထွက်မိလိုက်တဲ့ စကားက တစ်ခါတစ်ရံ တစ်ဖက်သားအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ဖြစ်သွားနိုင်တယ်။
မသိလို့ ဆွေးနွေးနေရတဲ့ အကြောင်းအရာတွေ မဟုတ်ပေမဲ့ အကြင်နာနွေးနွေးနဲ့ ယုယမခံလိုက်ရတဲ့ momentum အပိုင်းအစတွေမို့ပါ။
စိတ်ခံစားချက်တွေကို ဖွင့်ချမိတဲ့ ကောင်လေးတစ်ယောက်ကိုပဲ ဥပမာကြည့်။
သူဘာပြန်ရလဲ။
မဖြစ်နိုင်ဘူးဆိုတဲ့ အလိမ်အညာစကား။တစ်ခု, ခုဆို စိတ်ထိခိုက်လွယ်ပြီး အားငယ်တတ်တဲ့ ဉာဥ်လေးရှိနေတာ နှစ်ဦးလုံးရဲ့ မဟာအမှားပဲ။
ကမ္ဘာပေါ်က လူသားတွေ အားလုံးက သူတို့ကိုယ်သူတို့ ပျောက်ဆုံးနေတာ။
ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှ သူများကလည်း ကူညီနိုင်မှာမို့ ကောင်လေးရေ မင်း ကိုယ့်ကိုယ်ကိုယ် အရင် ရှာဖွေပါ။
အဲ့ဒါမှ မင်းရဲ့ ပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုအပိုင်းအစလေးကလည်း မင်းဆီရောက်လာမှာ။
ကောင်လေး ကံကောင်းပါစေ။
───────────────────
"ငါသိပါတယ်.."
"မင်း မသိလို့ ပြောပြနေရတာပေါ့"
ဖုန်းထဲက သူငယ်ချင်းအသံက စိတ်ပူပူ။
တံခါးရှေ့ မတ်တပ်ရပ်ပြီး လက်ထဲက ကော်ဖီခွက်ရဲ့ အငွေ့တွေ လေထဲပျံနေတာကို ဟီဆွန်း စိုက်ကြည့်ရင်း အမှိုင်တတွေနဲ့ အကြောင်းပြန်တယ်။
မိုးစွေ။
ဟီဆွန်း နာမည်တောင် ပေးထားချင်တယ်။
သူ့အိမ်ရဲ့ ဝရံတာက မှန်တံခါးရှည် တစ်ထပ်ကာထားတယ်၊ တဖြောက်ဖြောက်နဲ့ လာပက်နေတဲ့ မိုးစက်တွေက သူလေးနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ညကတည်းက။
"ကျန်းမာရေး ဂရုစိုက် ငါ ဒါပဲပြောမယ်"
"အင်း.."
ဖုန်းထဲ သက်ပြင်းချသံ ပြင်းပြင်း။
ဟီဆွန်း ကော်ဖီတစ်ငုံသောက်ရင်း ခေါင်းငုံ့ပြုံးမိတယ်။ မိုးပြေးလေးကို သူစိတ်ပူမိရင်လည်း အဲ့ဒီလိုပဲ။

YOU ARE READING
𝐬𝐭𝐢𝐥𝐥 𝐰𝐢𝐭𝐡 𝐲𝐨𝐮
Fanficwatching you slowly falling apart is the best thing i've ever done in my life.