829 129 3
                                    


သစ်ပင်ကြီးတွေ ခုတ်လှဲရင် ပင်စည်ပြတ်တွေက ထွက်လာတဲ့ အနံ့လို စိမ်းဖန့်တဲ့ ဆေးနံ့တွေက တထောင်းထောင်းထနေတယ်။

သုံးထပ်မြင့် အဆောက်အဦးကြီးရဲ့ ကိုယ်ထည်ထဲမှာ ဆင်တူဝတ်စုံတွေနဲ့ သွားလာနေကျတဲ့သူတွေ ရှိတယ်။

သူတို့ရဲ့ အသက်တွေက သူတို့ခန္ဓာကိုယ်တွေကိုလေ့လာတဲ့ သူတွေရဲ့လက်ကို အပ်ထားကြရတယ်။ သူတို့ အထွန့်မတက်ရဲဘူး။ လွဲချော်သွားတဲ့ ဓားသွား၊ မှားပေးခဲ့တဲ့ ဆေးစာရင်းကဒ်တွေထက် သူတို့မျက်ရည်တွေသာ ဆုံးရှုံးရတယ်။

ကံတရားကိုသာ ယုံကြည်ရာအဖြစ် ကိုးကွယ်ရင် တစ်ခါတစ်လေ မတရားဘူးလို့ ခံစားမိမှာပဲ။

အမှားအမှန်တွေက သေရေးရှင်ရေးအချိန်မှာ ဦးနှောက်အတွက် အသုံးမဝင်တော့ဘူး။

တစ်ခါတစ်ရံနှလုံးသားက ဦးနှောက်ကို အမိန့်ပေးလာတဲ့ အခါမျိုးကို ဥပမာအဖြစ်နဲ့ ပေးရင်ပေါ့။

───────────────────

"Mr. Park ဟီဆွန်း"

"ဟီဆွန်း Mr. Park"

ဆိုဖာဆက်တီရဲ့ အလယ်ခေါင်ခုံသေးပေါ်မှာ ထိုင်နေရင်း ဆေးရုံအုပ်ကြီးက ပြုံးတုံ့တုံ့နဲ့ မိတ်ဆက်ပေးလာတယ်။ နောက်ကျောမှီထားတဲ့ ဝဖိုင့်တဲ့ ခန္ဓာကိုယ်ဟာ ဟီဆွန်းနဲ့ မျက်နှာချင်းဆိုင်ဘက်ခြမ်းက ဥပဒိရုပ်ကောင်းကောင်းနဲ့ လူကြီးကို ရယ်မောပြောဆိုရင် လှုပ်ခါလာသေး။

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"

ခုံပေါ်မှထပြီး ခါးညွှတ်ဖို့လုပ်တော့ ထိုလူကြီးကပါ အားနာသလို ထလာပြီး ဟီဆွန်း ကိုတားတယ်။ သူ့ကြောင့် ဆေးရုံအုပ်ကြီးပါ ထမလိုထိုင်မလို ဖြစ်နေတုန်း

"နေ နေ ရတယ် အန်ကယ့်နာမည် ပတ်ခ်ဆော့ဟန်းပါ မောင်ရင်ရော"

"အီဟီဆွန်းပါဗျ"

"ရှေ့လျှောက်လည်း အန်ကယ့်ကို ကူညီပေးပါဦး"

"ဗျာ?"

ဟီဆွန်း နားမလည်သလို ကြည့်တော့ ဆေးရုံအုပ်ကြီးက လက်ကိုအသာအယာပြကာ ပြန်ထိုင်ခိုင်းတယ်။

𝐬𝐭𝐢𝐥𝐥 𝐰𝐢𝐭𝐡 𝐲𝐨𝐮Where stories live. Discover now