아홉

549 94 4
                                    

ရေစီးကြောင်းအတိုင်း မျှောလိုက်ခဲ့ပါ။

ဆန်တက်ရင် နာကျင်ရလိမ့်မယ်။

အခန့်မသင့်ရင် နှုတ်ယူခံရမဲ့ ချစ်ခြင်းမေတ္တာတွေဟာ တိုးပုန်းကွယ်လျှိုးဖို့အတွက် အမြဲတမ်း အသင့်ဖြစ်နေခဲ့တာကို..

ဘယ်တော့မှ သိခွင့်မရဘဲ သိ, သိရက်နဲ့ စွန့်ခွာသွားသူလို့ နာမည်ကြီးလိမ့်မယ်။

သဘောကျတယ်၊ နှစ်သက်တယ်ဆိုတာ ကြည်ဖြူတယ်လို့ ပြောရုံပဲမဟုတ်လား။

ဒါပေမဲ့ သူ့မျက်ဝန်းတွေက စကားမပြောသေးတဲ့တိုင် ထူး‌ဆန်းနေတယ်။

ဒီခံစားချက်ဆိုတဲ့ ရင်ဘတ်ထဲကအရာက ဘာအတွက် ရှင်သန်နေတာလဲ..

သူ့အတွက်လား.. ကိုယ့်အတွက်လား။
ကိုယ်တို့အတွက်လား..။

───────────────────

အဖြူရောင်အထည်အလိပ်တွေ။
လှိုင်းတွေ။

ထင်းရှူးတန်းအောက်က နှင်းစောင်ကြီးခြုံထားတဲ့ အာတာပူစီလို ခြေဖဝါး ခပ်အိအိလေးတွေကို ဝေါခနဲဆိုပြီး လာဖက်တယ်။

ရှည်မယောင်နဲ့ အလတ်စားခြေချောင်းထိပ်လေးတွေ လက်သည်းနီဆိုးဆေးပုလင်း မှောက်ကျထားတယ်။ ခြေဖနောင့်လုံးလုံးလေးတွေမှာရောပဲ။

အနောက်အရပ်ကနေ ချီတက်လာတဲ့ နေဝင်ရီတရော ပင်လယ်လေအေးအေးတွေခိုးကပ်ပြီး လိုက်လာတယ်။ ရေနဂါးလို အမောက်ထောင်ပြီးမှ သဲတွေ သည်းသည်းလှုပ်နေတဲ့ သောင်ပြင်ကို ခစားတဲ့ လှိုင်းတွေရဲ့ ကျောပေါ်ကနေ။

အသားထဲစိမ့်ဝင်လာတဲ့ အအေးဓာတ်ကို ဆင်စွယ်နှစ်ရောင်တီရှပ်လက်ရှည်ပါးလေးတစ်ထည်တည်းနဲ့ မကူမကယ်နိုင်။ လက်ပိုက်လိုက်ပြီး ကိုယ်ကို သေးကျုံ့လိုက်ပေမဲ့ ဝါညစ်ညစ်သဲစိုထဲ နစ်နေတဲ့ ခြေထောက်လေးတွေက ပျော်မွေ့နေတုန်း။ လှိုင်းတွေကလည်း ဆထက်တပိုး ပွေ့ဖက်တုန်း။

ဒီအချိန်ဆို သူဘယ်တွေများ ခြေနှင်နေမလဲ။

ကျစ်တစ်ချက်သပ်ရင်း စိတ်နှစ်ခွ ဖြစ်မိတာ တော်တော်ဆိုးတယ်။ လာရှာမှာကို မျှော်လင့်မိနေသလို တစ်သက်လုံး သူမလာတဲ့အထိ သောင်ပြင်မှာပဲ အရိုးဆွေးရရင်လည်း အပြုံးခပ်ပါးပါးနဲ့ ကျေနပ်မိပြန်မယ်။

𝐬𝐭𝐢𝐥𝐥 𝐰𝐢𝐭𝐡 𝐲𝐨𝐮Where stories live. Discover now