အိမ်ရဲ့ ညာဘက်, ဘေးခြမ်းမှာ ဆောင်းဟွန်းအတွက် သီးသန့်ထုတ်ပေးထားတဲ့ ခေါင်မိုးပါ ဝရံတာလေး ရှိတယ်။တိမ်ငွေ့ ရိုက်ထားသလို အရောင်နဲ့ ဝရံတာလေးရဲ့ အမိုးဟာ လိပ်ခုံးပုံစံ။
ရှေးခေတ် အပြင်အဆင်တွေ ပျော်မွေ့ရာ အိမ်အိုကြီးက သက်တမ်းရင့်ပြီး အဖိုးတန်တဲ့ ဘိုးဘွားပိုင်အမွေအနှစ်တစ်ခု လို့တောင် ဆိုနိုင်တယ်။
ဖေဖေက ပစ္စည်းအဟောင်းတွေကို ထိန်းသိမ်းတဲ့နေရာမှာ တော်တယ်။ ကိုယ်တိုင် ဝါသနာပါတဲ့ အတွက်ကြောင့်လည်း ဖြစ်မယ်လို့ ဆောင်းဟွန်း တွေးမိတယ်။
ယခုခေတ် အိမ် design အပျံစားလေးတွေ တွေ့ရင်တောင် မျက်စိစုံမှိတ်ထားတတ်တဲ့ ဖေဖေ့အကျင့်က အစားထိုးစရာ မရှိပါရဲ့။
ဝရံတာရဲ့ ဖြူညစ်ညစ် အင်္ဂတေလက်ရန်းလေးကို အထုံးကြီး, ကြီး ထုံးချည်ထားတဲ့ ကြိုးတစ်ချောင်းက လွှားခနဲ ကျလာတယ်။
ပြီးတော့ ကိုယ်မကွာ ဆောင်နေကျ ဘေးသိုင်း လွယ်အိတ်လေးနဲ့ ခေါင်းလုံးလုံးလေး။
ဂွမ်းကပ် ဂျာကင်အင်္ကျီ နေဗီပြာ အောက်မှာ တီရှပ်လက်ရှည်၊ အဲ့ဒီအောက်မှာလည်း နောက်ထပ် တီရှပ်လက်ရှည်တိုလေး ဝတ်ထားသေးတယ်။
သူက သိပ်ပြီး ချမ်းအေးဒဏ်ကို သဘောမတွေ့ဘူးရယ်။
ဖေဖေက ဧည့်သည်တစ်ယောက်လာလို့ သူ့ကို ပစ်တားထာ 45 min လောက် ရှိရောပေါ့။ လာတွေ့တဲ့သူက ဦးလေးကြီးဟီ ဆိုတော့လည်း ခွင့်လွှတ်ပေးလိုက်ပါတယ်လေ။
ကြိတ်"ကြိတ်" နဲ့ သူတို့တွေ စာရွက်ပုံထဲ ခေါင်းနစ်နေချိန် ဆောင်းဟွန်း ကြောင်သူခိုးလေး လုပ်ဖို့ အခွင့်အရေး ပိစိလေး ရသွားတယ်။
ဦးလေးကြီး ပြန်သွားရင်တောင် ဖေဖေက သူ ပင်ပန်းလို့ နားနေပြီ ပြောထားလို့ အခန်းတံခါး လာခေါက်မှာ မဟုတ်ဘူး။
အလိုလိုက်တော့လည်း အကြိုက် ကျော်သွားရတော့မယ်၊ ဝရံတာလေးကို။
"ဖေဖေရေ ဒီက ဖေဖေ့ရဲ့ ချစ်စရာကောင်းတဲ့ သားလေးကို ခွင့်လွှတ်ပေးပါ ည 12 နာရီ မကျော်ခင်တော့ ပြန်ရောက်မယ်ထင်တာပဲ.."
YOU ARE READING
𝐬𝐭𝐢𝐥𝐥 𝐰𝐢𝐭𝐡 𝐲𝐨𝐮
Fanfictionwatching you slowly falling apart is the best thing i've ever done in my life.