976 84 5
                                    

ကန့်သတ်နယ်မြေလေးတစ်ခုကို ကျော်လာခဲ့ပြီ။

စာအုပ်ရဲ့ ကျောရိုးပေါ်က ခြေလှမ်းတွေ နီးစပ်လာပြီ။

ဖြစ်နိုင်ခြေတွေကို ရေတွက်ရင်း လက်ချိုးလို့ မဆန့်တော့တဲ့အခါ သူ့ခြေထောက်တွေကို သူငုံ့ကြည့်ပြီး သဲ့သဲ့လေး ရယ်တယ်။

ဟုတ်ပါရဲ့။ ဘယ်လိုလုပ် မိုးစက်တွေနဲ့ ဆက်တွယ်ထားတဲ့ ရေစက်တွေကို ကံကြမ္မာကို ပုံအပ်ရဲမှာလဲ။

───────────────────

"ပုန်းညက်တွေ ပွင့်နေပြီ"

သစ်သားပြတင်းပေါက်လေးကို အစိမ်းရောင်တွေ မျှင်းထနေတဲ့ လက်နှစ်ဖက်ကို အသုံးပြုပြီး ဖွင့်တဲ့သူက ပြောလာတယ်။

သူ တိုးတိုးပဲဆိုတယ်။

ထမင်းစား, စားပွဲကို မြို့တွေမှာဆို ညအိပ်မီးသီးအဖြစ်သာသုံးတဲ့ ပန်းသစ်တော်သီးလုံးအောက်မှာ နေရာချထားတယ်။ မစိမ်းဘဲ မှည့်ခါနီးဆဲဆဲလို့ ဆိုလို့ရတဲ့ ဝါကျင်ကျင် ပန်းသစ်တော်သီး။

အဲ့ဒီစားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ လူနှစ်ယောက်ကြားဖို့ရာ ပုန်းညက်ရနံ့တွေက သူ, မပြောတောင် ယူဆောင်ပေးနိုင်ပါတယ်လေ။

ကမ်းခြေမှာ ရွာတဲ့မိုးက တစ်ထပ်တိုက်လေးဆီ လိုက်လာတယ်။ တစ်စက်... တစ်စက်နဲ့ မြေပြင်ပေါ် မိုးသီးမိုးပေါက်တွေ ဘယ်နှစ်ခါ ကမ္ဘာ့ဆွဲအားကို ရေတွက်သလဲ နားစွင့်နေကြတယ်။

"မုန်တိုင်းက မနက်ဖြန်အထိ ဆက်မယ်ထင်ပ.."

ကားကောင်လေးက သူ့ဘာသာ တစ်ယောက်တည်း ပြတင်းပေါက်သစ်သားတန်းကို လက်ထောက်ပြီး ဖြန့်ထုတ်ထားတဲ့ အိမ်သွပ်မိုးက တိုးယိုပေါက်ကို ငေးရင်း ပြောပြန်တယ်။

စားပွဲခုံရဲ့ တစ်ဖက်တစ်ချက်က လူနှစ်ဦးကတော့ ခုထိ မလှုပ်မရက်ပဲ။

"စကားအေးဆေးပြောကြပါ ခဏနေရင် စားဖို့လာပို့မယ်လေ နော့်?"

"‌ah.. ကျေးဇူးဗျ ဂျယ်ယွန်း အလုပ်ရှုပ်ရပြီ"

မနေနိုင်တဲ့ ဆောင်းဟွန်းကပဲ ထိုင်လျက် ခါးကုန်းကာ ယဉ်ကျေးသမှု ပြောရတယ်။ ဦးလေးကြီးက တစ်ခုခုဆို ကြောင်တောင်တောင်ကြီး ငေးနေရော။ ဘာတွေ အတွေးလွန်ပြီး မျက်လုံးဝိုင်းဝိုင်းကြီးတွေထဲ ထည့်သိမ်းနေလဲ မသိပါဘူး။

You've reached the end of published parts.

⏰ Last updated: Apr 25, 2023 ⏰

Add this story to your Library to get notified about new parts!

𝐬𝐭𝐢𝐥𝐥 𝐰𝐢𝐭𝐡 𝐲𝐨𝐮Where stories live. Discover now