Part.3

452 65 21
                                    


Unicode

နောက်တစ်နေ့မနက် ဂျောင်ကု ကျောင်းခန်းထဲကိုဝင်လာတော့ ဆော့ဂျင်ဆိုတဲ့ကျောင်းသားသစ်က ဒုံချောနဲ့နေရာမှာပဲ ထိုင်နေသည်ကိုတွေ့ရသည်။ဂျောင်ကု သူထိုင်တဲ့ခုံဆီကို လျှောက်လာခဲ့ရာ စိတ်ထဲကနေလည်း အတွေးတစ်ချို့က လိုက်ပါလာခဲ့၏။သူတွေးနေတာက ဒီနေ့ ဒုံချောကျောင်းလာခဲ့ရင် အဲ့ဒီကျောင်းသားသစ်က ကျိန်းသေပေါက်ကို နေရာဖယ်ပေးရတော့မှာပဲဟူ၍ပင်။

ဂျောင်ကု လွယ်အိတ်ကိုစာရေးခုံရဲ့ဘေးမှာ ချလိုက်ပြီး ခုံတွင်ဝင်ထိုင်လိုက်သည်။မငြိမ်မသက်ဖြစ်နေတဲ့ သူ့ရဲ့အကြည့်တေက ဘေးမှာရှိတဲ့ကျောင်းသားသစ်ဆီကို ရောက်သွားခဲ့ပြီး ခေါင်းငုံ့နူတ်ဆက်လာတဲ့ ကျောင်းသားသစ်ကြောင့် သူပြန်နူတ်ဆက်လိုက်ရ၏။နောက် နေရာမှာပဲ ငြိမ်သက်စွာဖြင့်ထိုင်နေရသည်အား ဂျောင်ကု စိတ်ကသိကအောက်ဖြစ်လာတာကြောင့် လွယ်အိတ်ထဲမှ နားကြပ်ဘူးကိုထုတ်၍ သီချင်နားထောင်ရန် ပြင်လိုက်သည်။သီချင်းနားထောင်ခြင်းက သူ့စိတ်တေကို လွတ်လပ်ပေါ့ပါးသွားစေတာမို့ သူလုပ်လေ့လုပ်ထရှိတဲ့ အရာပင်ဖြစ်၏။ဒါကြောင့် သူ့မျက်ဝန်းတေကို အသာမှိတ်ထားလိုက်ပြီး စိတ်အားခေတ္တအနားပေးလိုက်သည်။




"ဟျောင့်!!......ဒါငါ့နေရာကွ.......ပိုင်ရှင်လာရင်ဖယ်ပေးရမယ်ဆိုတာ မင်းနားမလည်ဘူးလား!!!"

ဂျောင်ကုရဲ့မှိတ်ကျနေတဲ့ မျက်ဝန်းတေက ရုတ်တရက်ပွင့်လာခဲ့ပြီး ဘေးကိုခေါင်းလှည့်ကြည့်လိုက်သည်။သူက ဆော့ဂျင်ရဲ့ဘေးမှာရပ်နေတဲ့ ဒုံချောအား ဒေါသထွက်နေသည့်မျက်နှာထားနှင့်အတူ တွေ့လိုက်ရချိန်မှာတော့ အလန့်တကြားဖြင့် နားမှာတပ်ထားတဲ့ နားကြပ်အား ကမန်းကတမ်းဆွဲဖြုတ်လိုက်လေသည်။နေပါဦး~~~ဒုံချောက ဘယ်အချိန်ကနေ ဘယ်လိုဖြစ်ပြီးရောက်လာရတာလဲ။

"ငါမင်းကိုပြောပြီးပြီလေ.........အရင်ကမင်းထိုင်ခဲ့တဲ့နေရာဟုက်ပေမယ့် အခုငါထိုင်နေတဲ့နေရာဖြစ်သွားပြီ........ဖယ် မ ပေး နိုင် ဘူး"

ကျောင်းသားသစ်ပြောလိုက်တဲ့ စကားကြောင့် ဂျောင်ကုမျက်လုံးပြူးသွားရသည်။ဒါကဘာသဘောပါလိမ့်။ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက ဒုံချောရဲ့နေရာပဲကို သူဖယ်ပေးသင့်တယ်မလား။

'နှလုံးသားဝယ် မင်းမူစေ'حيث تعيش القصص. اكتشف الآن