Unicode
"အာ~~အဲ့'ဘား'က နာမည်ကြီးမလား........လွယ်တော့မလွယ်ဘူးပဲ"
"အိုခေ~~ခင်ဗျားဘက်က ငွေအဆင်သင့်ဆိုရင် ကျုပ်ဘက်ကလည်းအဆင်ပြေတယ်"
"အဟင်း~~တစ်ခုတော့ရှိတယ်နော်.........ပေးရမယ့်အဖိုးအခက ခင်ဗျားထင်ထားတာထက် ပိုများနေနိုင်တယ်........အဆင်ပြေရဲ့လား~~"
"ဟုက်ပြီ!!"
ထယ်ယောင်းဖုန်းချလိုက်ပြီး တစ်ဖက်ကိုလှည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေတဲ့ ဟိုဆော့မျက်ဝန်းများနှင့်စုံသည်။ထယ်ယောင်း မျက်ခုံးတစ်ဖက်ပင့်သွားရကာ လက်ချောင်းကြားမှာရှိတဲ့ ဆေးလိပ်ကိုရှိုက်ဖွာလိုက်ရင်း ဟိုဆော့အနားသို့လျှောက်သွားသည်။ဟိုဆော့ကတော့ ကြမ်းပြင်ထက် လှဲအိပ်နေလျက်ပင် ခေါင်းထောင်ကာ ထယ်ယောင်းလုပ်သမျှလိုက်ကြည့်နေ၏။ထယ်ယောင်းက ဟိုဆော့ရဲ့ဘေးနားမှာဝင်ထိုင်လာပြီး သက်ပြင်းယဲ့ယဲ့လေးချသည်။
"လက်ခံလိုက်တာလား"
"အင်း~~"
ဟိုဆော့ ထယ်ယောင်းကိုလှည့်ကြည့်လိုက်သည်။မြင်နေရတဲ့ ထယ်ယောင်းရဲ့ဘေးတိုက်မျက်နှာက ခက်ထန်သလိုရှိကာ တည်ငြိမ်တာထက်ပိုနေ၏။ခပ်ညိိုညိုနူတ်ခမ်းလွှာကြား စီးကရက်ကို အဆက်မပြတ်ရှိုက်ဖွာနေပြီး တစ်ခုခုကိုစဥ်းစားနေဟန်ပေါ်သည်။
"ငါတို့ရဲ့ပစ်မှတ်က ×××× မှာရှိတဲ့ DREAM bar ပဲ.........ညပိုင်းလောက်လှုပ်ရှားကြတာပေါ့ ငါတို့လူတေအကုန်စုလိုက်...........ရမယ့် တန်ကြေးကများသလို တစ်ခုလေးလွဲချော်တာနဲ့ ပေးဆပ်ရမယ့် အရာကလည်းမသေးဘူးနော်"
"သိပြီ~~~"
အလေးအနက်ပြောလာတဲ့ ထယ်ယောင်းရဲ့စကားကို ဟိုဆော့က အေးအေးလူလူဖြင့် တုံ့ပြန်သည်။ဟိုဆော့သည် မျက်နှာကျက်အား မော့ကြည့်နေရင်းမှ သူ့ရင်ထဲ၌ပြည့်သိပ်တင်းကျပ်နေမှုများက သည်းမခံနိုင်အောင်ဖြစ်လာလေလျှင် ထယ်ယောင်းအား ရင်ဖွင့်ဖို့ရာဆုံးဖြတ်လိုက်သည်။
"ငါမနေ့က ဟန်ဂျီအွန်းကိုတွေ့လိုက်ရတယ်..........ငါမသိတဲ့ကောင်နဲ့အတူရှိနေပြီးတော့ အရမ်းပျော်နေပုံပါပဲ.........အရင်ကထက်ပိုလှလာလိုက်တာများ ငါ့အကြည့်တေသူ့ဆီကနေမခွာနိုင်ခဲ့ဘူး"
