Unicode
တီ!!တီ!!တီ!!~~~တီ!!..တီ!!~~
ဆော့ဂျင် အိပ်နေရာကနေ လူးလွန့်လာပြီး ဆူညံသံပြုနေတဲ့ဖုန်းအား အမြန်ထရှာရသည်။နိုးနိုးချင်း အိပ်မှုန်စုန်မွှားနဲ့သူ့အဖို့ ခေါင်းအုန်းအောက်ရောက်နေတဲ့ဖုန်းအား အချိန်တစ်ခုကြာမှတွေ့လေ၏။Alarm ကိုပိတ်ကာ နာရီကြည့်လိုက်တော့ ၆နာရီစွန်းစွန်းဖြစ်သည်။မှေးချင်ချင်ဖြစ်နေသည့် မျက်ဝန်းအား အတင်းကာရောပြူးကျယ်ရင်း အခန်းထဲကထွက်ဖို့ပြင်လိုက်သည်။
ကျွီ!~~
အခန်းတံခါးအားအသာလှပ်၍ ဆော့ဂျင်ကြည့်လိုက်တော့ ကုတင်ပေါ်မှောက်လျက်အိပ်နေသည့် အစ်ကိုနမ်ဂျွန်းကိုတွေ့သည်။ညတုန်းက ဘာအထွေအထူးမှမရှိခဲ့တာကိုပဲ ကျေးဇူးတင်ရမလို။အစ်ကိုနမ်ဂျွန်းအရက်မူးတာ ထင်ထားသလောက်လည်းမဆိုးပါလေ။ညနေကနေ ဒီမနက်ထိတိုင်အောင် တစ်ဆက်တည်းအိပ်နိုင်တာကိုပဲ အံ့ဩမိတယ်။
အခန်းတံခါးကိုပြန်ပိတ်၍ ဆော့ဂျင်အောက်ထပ်သို့ ဆင်းလာခဲ့ရင်း လက်ကလည်းဖုန်းနံပါတ်တစ်ခုကိုရိုက်ခေါ်လိုက်သည်။
~~~ကင်မ်ဆော့ဂျင်!! မင်းဘယ်မှာလဲ~~~
"ကျစ်!.....ကျွန်တော်အစ်ကိုနမ်ဂျွန်းတို့အိမ်မှာ အခုချက်ချင်းကားလွှတ်ပေးလိုက်"
~~~ ဟင်း~~အနဲဆုံးတော့ မင်းအမေကိုဖုန်းဆက်ပြောသင့်တယ်လေ.........ညတုန်းက ဘယ်လောက်တောင်စိတ်ပူနေလဲသိရဲ့လား........မင်းရဲ့အကျင့်ဆိုးတေကို ခုထိမဖျောက်နိုင်သေးဘူးလား ဆော့ဂျင်........မင်းရဲ့ဘဝသေမလိုဖြစ် ~~~
"ကျွန်တော် ကျောင်းသွားဖို့ပြင်ရဦးမှာမို့အချိန်မရှိဘူး!.......ကားသာအမြန်ဆုံးလွှတ်ပေးပါ!!"
တီ!!
စိတ်ရှုပ်စရာ စကားလုံးတေ သူ့အဖေထံမှထက်ပြီးနားမထောင်နိုင်တော့တာကြောင့် ဆော့ဂျင်ဖုန်းချပစ်လိုက်သည်။တစိတ်ရှိ ဒီအကြောင်းအရာနဲ့ပဲ ထပ်တလဲလဲကိုင်ပေါက်တတ်သည့်အဖေ့ကို သူစိတ်ပျက်မိသည်။အကြောင်းအရင်းကို ရှာဖွေဖို့မကြိုးစားပါပဲနဲ့ သူ့အမှားတေနဲ့သာ ချည်တုပ်နှောင်ထားဖို့တတ်သည်။တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်။
