Uni
Part (8)
ဝှိုက် နိုးတော့ အဝတ်အစားကင်းမဲ့လျက် ပခုံးဖြူဖြူဝင်းဝင်းလေးတွေ ပေါ်နေ၏။ နေက နေ့လည်ရောက်တော့မည်။ မနက်က လက်တွေ့ဆိုကာ သင်ခန်းစာပေးသည့် ရော့ဇ်လည်းမတွေ့။
ကုတင်ပေါ်ကဆင်းရန် လှုပ်တော့ အောက်ပိုင်းက စပ်နေလျက်။ မျက်မှောင်လေးကျုံ့ကာ ရော့ဇ်ကိုကုတ်ဖဲ့ချင်သည်။ ဝှိုက်ကိုနာအောင်လုပ်ပြန်ပြီ... မနက်က သူ့အနမ်းတွေက နှစ်သက်ပေမယ့် နာကျင်မှုကလွဲပြီး ဘာမှမသိ။ ဝှိုက် ရင်စည်းနှင့် ခါးစည်းပြန်ဝတ်ကာ အပြင်ထွက်လာတော့ ရော့ဇ်အသီးအရွက်တွေ ကျောက်အိုးကြီးတွေ သယ်လာတာတွေ့လိုက်သည်။
ရော့ဇ်က ဝှိုက်ကိုမြင်တော့ မျက်နှာကြီးဖြီးပြုံးပြကာ အနားလျှောက်လာသည်။
နေရောင်အောက်မှာ ငွေရောင်ဆံနွယ်ရှည်တွေနဲ့ ဖြူဖြူနုနုသူမလေးက နူးညံ့လှပစွာရပ်နေသည်။ ဖြူနုနေသည့်အသားပေါ်က သူပေးထားသည့် အချစ်မှတ်ရာ ပန်းရောင်ရဲရဲတွေ... နုဖက်လွန်းသည်မို့ သူ့အားနဲ့ဆန္ဒကို အများကြီးလျော့ချကာ ချစ်ရသည်။ သူအနားလျှောက်လာတော့ ဝှိုက်က မျက်နှာလေးစူပုတ်ကာ ဂူထဲပြန်ဝင်သွားသည်။
" ..."
အဝေးကနေကြည့်တာတောင် ကျစ်လျစ်ခိုင်မာသည့် ကြွက်သားတွေနှင့် မြင့်မားသည့်အရပ်က သားရဲတွေထဲ အားအရှိဆုံးတွေနှင့် ယှဥ်ပြိုင်နိုင်သည်။ အဝါရောင်မျက်လုံးတွေက ဝှိုက်ကိုကြည့်ရင် လှည့်ဖျားကာ ညှို့တတ်သည်။
-ဒါပေမယ့် သူကြည့်ကောင်းလဲ ဝှိုက်ကို အနိုင်ကျင့်လို့ရတယ်လို့ ဘယ်သူပြောလဲ... ဟွန့်...ပြီး...ပြီးတော့ ကန့်သတ်နေရာကိုလည်း သူနဲ့ချိတ်ဆက်သေးတယ်...-
ရော့ဇ် ဂူထဲဝင်လာတော့ ဝှိုက်က စားပွဲခုံပေါ်စူပုတ်ပုတ်လေးထိုင်နေတာတွေ့လိုက်ရသည်။ ဘာဖြစ်တာမှန်းမသိပေမယ့် ချစ်စရာကောင်းတာကြောင့် ပြုံးမိရင်း ပစ္စည်းတွေချကာ သူမအနားသွားလိုက်သည်။
ဘေးကခုံပေါ်ထိုင်ရင်း
"ဝှိုက် ဘာဖြစ်လို့လဲ"
". .."
"ပြောပါအုံး...ဝှိုက်ရေ...ကလေးရေ..ဟင်"
မျက်နှာလွှဲထားသည့် သူမ မျက်နှာကိုလိုက်ကြည့်ရင်း ခါးက ပွေ့ကာပေါင်ပေါ်တင်လိုက်သည်။
YOU ARE READING
Dear Raby White🐰(completed)
Fantasy" မြေခွေးဆိုတဲ့အတိုင်း တောတစ်တောလုံး လိမ်လည်လှည့်ဖျားပြီး ပတ်မွှေတတ်တဲ့သူက အရွယ်ရောက်ခါစ ဖြူဖြူစင်စင် ယုန်ဖြူမလေးကို ချစ်မိသွားသောအခါ..." Own Creation (R18) " မြေခွေးဆိုတဲ့အတိုင်း တောတစ်တောလုံး လိမ်လည်လှည့်ဖျားပြီး ပတ်မွှေတတ်တဲ့သူက အရွယ်ရောက်ခါစ ဖြ...