Uni
Part (25)
"တောင်ပိုင်းမှာတော့ အကုန်အဆင်ပြေတယ်... နောက်ကွယ်မှာ မင်းရှိနေတော့ ပြဿနာလုပ်ချင်ရင်တောင် နှစ်ခါစဥ်းစားရမယ်"
ရော့ဇ်က ခေါင်းညိမ့်ပြလိုက်သည်။ သူဒဏ်ရာတွေကောင်းပြီးနောက် စိတ်ပြန်ငြိမ်သက်လာသည်။ အစက ခေါင်းဆောင်နေရာကိုစိတ်မဝင်စားဘဲ လေလွင့်နေခဲ့တာ။ ကိစ္စတွေဖြစ်ပြီးနောက် အပြင်ကငြိမ်သက်ပေမယ့် တောက်လောင်နေတဲ့အတွင်းစိတ်တွေကြောင့် လေလွင့်ဝံပုလွေ သားရဲတွေစည်းရုံးကာ အနောက်ပိုင်းခေါင်းဆောင်ကို လုပ်ကြံပြီး ခေါင်းဆောင်နေရာ သိမ်းခဲ့သည်။
ဒီလောက်ဆို သူမကြိုက်တဲ့ခြင်္သေ့ဘုရင်လို အထင်ကြီးစရာနေရာရမယ်မဟုတ်လား။
အစစအရာရာ ဖြေရှင်းနေရတာတော့စိတ်ပျက်စရာပဲ။
အနောက်ပိုင်းပြီးတော့ တောင်ပိုင်းကိုပါ ဖိအားပေးကာ လက်အောက်ခံလုပ်လိုက်သည်။ ခေါင်းဆောင်ဟောင်းကိုဖယ်ရှားကာ ဂျာဘီက ဦးဆောင်ကာ အုပ်ချုပ်နေသည်။ အခုလည်း ဝှိုက်ကိုပြန်ခေါ်လာခဲ့ပြီ ကြားကာ ဂျာဘီတောင်ပိုင်းမှ အနောက်ပိုင်းကို အလောတကြီးလာခဲ့သည်။
ခေါင်းဆောင်ထိုင်သည့် ကျောက်ထိုင်ခုံပေါ်ကနေ ရော့ဇ်က တင်ပြလာတာတွေ နားထောင်နေသည်။ ဂျာဘီကတလေးတစားပင် နယ်မြေအကြောင်းတွေပြောနေ၏။ နယ်မြေအကြောင်းတွေ ဆွေးနွေးပြီးတော့ ရော့ဇ်က ခုံမှဆင်းလာကာ ဂျာဘီနဲ့အတူ ဂူဝဆီထွက်သွားရင်း ရပ်ကာ အပြင်နယ်မြေတွေ ဂူတွေကို ငေးကြည့်နေမိသည်။ ဒီတော့မှ ဂျာဘီက
"ခွေးကောင်... မင်းပြဿနာရှာပြန်ပြီ မှတ်လား... တစ်ဖက်ကခေါင်းဆောင်နဲ့ ဆွေးနွေးပြီး ပြန်ခေါ်မယ်လို့ ကတိပေးထားတယ်လေ... ခုလည်း ထပ်ခိုးလာခဲ့ပြန်ပြီ... သံသရာကလည်လို့ပြီးတော့မှာမဟုတ်ဘူး"
ရော့ဇ် မျက်နှာကြီး ရှုံ့မဲ့ကာ
"နယ်မြေအခြေကျအောင်ထိ မစောင့်နိုင်တော့လို့ကွာ..."
"တစ်ဖက်က နယ်မြေနှစ်ခုစလုံးရဲ့ ခေါင်းဆောင်က ခြင်္သေ့ဘုရင်ဖြစ်နေပြီ။ အရှေ့ပိုင်းခေါင်းဆောင်က နေရာလွှဲလိုက်တာကြာပြီ... ငါတို့ဘက်ကသာ အခြေမကျရင်၊ သားရဲတွေ မငြိမ်သက်ရင် အနှေးနဲ့အမြန် နယ်မြေမငြိမ်သက်ဖြစ်ပြီး သူများလက်ပါသွားလိမ့်မယ်ကွ...ဟူး"
YOU ARE READING
Dear Raby White🐰(completed)
Fantasy" မြေခွေးဆိုတဲ့အတိုင်း တောတစ်တောလုံး လိမ်လည်လှည့်ဖျားပြီး ပတ်မွှေတတ်တဲ့သူက အရွယ်ရောက်ခါစ ဖြူဖြူစင်စင် ယုန်ဖြူမလေးကို ချစ်မိသွားသောအခါ..." Own Creation (R18) " မြေခွေးဆိုတဲ့အတိုင်း တောတစ်တောလုံး လိမ်လည်လှည့်ဖျားပြီး ပတ်မွှေတတ်တဲ့သူက အရွယ်ရောက်ခါစ ဖြ...