Part (29)

10.3K 275 15
                                    

Uni
Part (29)

"ကိုယ် သွားလိုက်အုံးမယ်...ကိုယ့်ကိုစောင့်နေနော်....ကိုယ်ပြန်လာရင် ဝှိုက်အတွက်ရော... ကိုယ်တို့ကလေးတွေအတွက်ပါ စိတ်ချရတဲ့ နယ်မြေဖြစ်စေရမယ်"

ရော့ဇ် ဒဏ်ရာအရှိန်နဲ့ခုထိသတိမေ့နေသေးတဲ့ ဝှိုက်ရဲ့ နဖူးပြင်လေးကိုနမ်းလိုက်ကာ ကတိတွေပေးမိသည်။ ဝှိုက်ရဲ့မိတ်ဖက်အနေနဲ့ရော သူ့မိသားစု၏ခေါင်းဆောင်ဖခင်အနေနဲ့ပါ ပေးမိသော ကတိပင်။ သူနိုင်လျှင် သူကတိတည်ရာရောက်မည်။ မနိုင်လျှင်တော့ သေမည်။ ရွေးစရာမရှိ။

ဝှိုက်ရဲ့ဒဏ်ရာက သွေးအနည်းငယ်ကိုလက်နဲ့ယူကာ သူ့နဖူးပေါ် ကြက်ခြေခတ် ဆွဲလိုက်သည်။ သူအသက်ရှင်လျက်ပြန်ရောက်ခဲ့လျှင် သူ့နဖူးပေါ်ကခြောက်သွားတဲ့သွေးကို သူမကိုယ်တိုင်သုတ်ပေးရလိမ့်မည်။ ဒါဟာ မိတ်ဖက်ရှိတဲ့ သားရဲတွေရဲ့ အောင်ပွဲခံခြင်းတစ်မျိုးပင်။

"အဆင်သင့်ပဲလား"

"အဆင်သင့်ပဲ.."

"ငါလဲ စီစဥ်စရာရှိတာတွေ ပြီးပြီ..."

"သွားမယ်..."

သန်မာတဲ့ခြေလှမ်းကျဲတွေနဲ့အတူ ထွက်သွားတဲ့ ရော့ဇ်နဲ့ဂျာဘီကို ကြည့်ပြီး မယ်ရာ ဝှိုက်ကိုကြည့်ပေးရင်း စောင့်နေခဲ့သည်။ နဂိုဖြူစွတ်သည့် မျက်နှာလေးက သွေးရောင်ပင်မရှိအောင် ဖြူဖျောနေသည့် ဝှိုက်ကိုကြည့်ကာ

"ဝှိုက်တော့မြန်မြန်နိုးလာမှပဲ...ဟူး"

.................

နှစ်ဖက်ခေါင်းဆောင်နှစ်ယောက် တိုက်ခိုက်ကြမည့်နေရာ...

တစ်ဖက်က သားရဲဘုရင် ခေါ် တောတွင်းဘုရင်...
ရွှေရောင်အမွှေးများ ကျယ်ဝန်းသောရင်ဘတ်နဲ့ ကြီးမားသော ကိုယ်ထည်၊ လည်ဆံမွေးနဲ့ ခံ့ညားစွာ သူ၏ ကြီးမားသည့် လက်တွေခြေတွေကို ရွေ့လျားရင်း ရန်သူကို မျက်ခြေမပြတ်စောင့်ကြည့်နေသည်။

တစ်ဖက်က နက်ပြောင်နေသည့်အနက်ရောင်အမွှေးများနှင့် မြေခွေး။ တစ်ဖက်က ခြင်္သေ့ထက် အနည်းငယ်ကိုယ်ထည်သေးပေမယ့် သန်မာသည့် အရိုးအဆစ်တွေနှင့် ကြီးမားသည့်ကြွက်သားတို့က ရုန်းကြွနေသည်။ ခန္တာကိုယ်ကိလည်းအသင့်ပြင်ထားသလို စိတ်ထဲကလည်း များလှသော အကြံများစွာ တွက်ချက်နေသည်။

Dear Raby White🐰(completed) Where stories live. Discover now