Part (4)

17.6K 422 1
                                    

Uni

Part (4)

ထိန်းချုပ်မရဘဲ လွတ်ထွက်သွားသော ပင်ကိုယ်အရိုင်းစိတ်နဲ့ သူမကိုယ်စုပ်ယူနမ်းရှိုက်နေရင်း သူ့ကိုယ်အောက်က ဖြူဖြူဖွေးဖွေးခန္တာကိုယ်လေးက မရုန်းတော့ပဲ ငြိမ်သက်သွားတာကြောင့် အသိစိတ်ပြန်ဝင်ကာပြီး စိုးရိန်ကြီးစွာ

"ဝှိုက် ဝှိုက်လေး... ကိုယ်..."

မျက်တောင်ကော့ကြီးများအောက်က မျက်ရည်စလေးများစို့နေကာ သေးသေးသွယ်သွယ်ကိုယ်လေးကို ပွေ့ပိုက်ထားလိုက်မိသည်။ အဆုံးရှုံးမခံနိုင်လို့ပါ ကလေးရယ်...

အသက်ရှူသံငွေ့ငွေ့နှင့်အတူ သူမ အိပ်ပျော်သွားမှ သားမွေးစောင်ကို လုံအောင်ခြုံပေးကာ အစားအစာရှာဖွေရန် သူထွက်လာခဲ့သည်။

ဝှိုက် ဘယ်လောက်ကြာအောင် မေ့မြောသွားသည်မသိ...အိပ်ယာထက်မျက်လုံးများပွင့်လာကာ မမေ့မြောခင် သူ့ပုံစံကိုပြန်တွေးမိတော့ မျက်ရည်များကျလာကာ စောင်ကိုတင်းတင်းဆုပ်ကာ ရှိုက်ငိုမိသည်။

သူ အရင်လို မနူးညံ့ဘူး...
သူ ကြမ်းတမ်းတယ်...
သူ ဝှိုက်ကို လိမ်တယ်...

ရှိုက်ငိုမိရင်း...သူ့ရဲ့နဂိုနဲ့မတူသော အပြုအမူများကို ပြန်တွေးမိတော့ ထိုအချိန်က ဝှိုက်လန့်သွားခဲ့သည်။ ခန္တာကိုယ်လေးကိုရွှေ့မိတော့ ပေါင်ကြားက ချွဲကျိကျိ ဖြစ်နေသည်ကိုတွေ့တော့ ဘာကြောင့်ဖြစ်နေသည်မှန်းမသိ။  ဝှိုက် နေရခက်စွာ ကိုယ်လက်သန့်စင်ချင်လာသည်။

အိမ်ထဲကိုကြည့်မိတော့ ကျောက်သားနံရံနှင့် ပြောင်ရှင်းနေကာ မနီးမဝေးတွင် မီးပုံလေးတစ်ခုသာရှိသည်။ မီးပုံမှအလင်းဖြင့်လိုက်ကြည့်မိတော့ အိမ်တံခါးပိတ်ထားတာကြောင့် ထရပ်ပြီးသွားရန်ပြင်နေဆဲ...တံခါးပွင့်လာကာ သူ ခြင်းတောင်းကြီးတစ်ခုထမ်းကာ ဝင်လာသည်။ အရပ်မြင့်ကာ ပခုံးကျယ်ကြီးများနှင့် ထွားကျိုင်းလွန်းသည်။ အသားအရည်ညိုညိုမှာ ကြွက်သားဖုကြီးများက ဝမ်းဗိုက်နားအစီအရီကြည့်ကောင်းနေသည်။

ဝှိုက်ကကြောက်ရွံ့သည့်စိတ်ဖြင့်သာ ရော့ဇ်ကိုတွေ့တော့ ဝှိုက်စောင်လေးထဲကိုယ်ကိုကျုံ့ထားကာ သူ့ကိုမကြည့်ဘဲ မျက်နှာငုံ့ထားသည်။

Dear Raby White🐰(completed) Onde histórias criam vida. Descubra agora