Uni
Part (21)
ဝှိုက် ရော့ဇ်ရဲ့ကျောပြင်ကြီးပေါ်မှာ သူ့ရဲ့ရှည်လျားကာနက်ပြောင်နေတဲ့ အမွေးနုနုတွေကို တင်းနေအောင်ကိုင်ထားပြီး ခေါင်းကို ငုံ့ထားသည်။ ရော့ဇ်မှာ ကျောက်တောင်ပေါ်က တောင်အောက်ကို တလွှားလွှားပြေးဆင်းရင်း ဒီနေရာကနေ အဝေးရောက်ဖို့သာ စိတ်စောနေမိသည်။
လွတ်နေတဲ့နှလုံးသားကို ဖြည့်ဖို့ သူမက သူ့အတွက်အရမ်းကိုလိုအပ်တယ်...။ သူမသာမရှိရင် သူရူးသွားလိမ့်မည်။ အရိုင်းအစိုင်းတစ်ကောင်ဖြစ်သွားလိမ့်မည်။ သူမနဲ့ အရင်လိုငြိမ်းချမ်းပျော်ရွှင်တဲ့ဘဝကိုပဲ အချိန်တွေကုန်ဆုံးချင်သည်။
ရော့ဇ်နဲ့ ဝှိုက်ဆင်းပြေးတော့ အနောက်ကနေ လိန်းလည်း အမြန်ပြေးလိုက်လာသည်။ ရော့ဇ်တောင်အောက်ရောက်တော့ ရင်ဘတ်ကဒဏ်ရာက နာကျင်စွာစူးအောင့်လာသည်။ အံကိုကြိတ်ကာ တောင်အောက်ထိရောက်အောင်ပြေးသည်။
"ဖော်စီ ရိုးဇက် မင်းထွက်ပြေးလည်းလွတ်မှာမဟုတ်ဘူး... "
အနောက်က လိန်းက ပေါ့ပါးစွာပြေးလိုက်လာရင်း ရော့ဇ်ကို သတိပေးသည်။ ရော့ဇ်အနောက်ကအသံကို ဂရုမစိုက်ပေမယ့် တောင်အောက်ရောက်တော့ မြောက်များစွာသောသားရဲတွေက သားရဲအသွင်ပြောင်းကာ အဆင်သင့် ဝန်းရံထားကြတာကို ရော့ဇ်တွေ့တော့ လမ်းဖယ်ရန် မာန်ပါပါဟိန်းလိုက်သည်။ ပတ်ပတ်လည်က ဆင်သားရဲ၊ ကျားသားရဲ၊ကျားသစ်သားရဲ စသည့် ခွန်အားကြီးသမန်းသားရဲများ အစွယ်တွေါ လက်သည်းတွေအသင့်ပြင်ကာစောင့်နေကြသည်။
ရော့ဇ်မှာ နာကျင်နေသည့်ရင်ဘတ်ကြောင့် ထင်သလောက်အားမပါ။
-မဟုတ်ဘူး...မဖြစ်ရဘူး...ရအောင်ဖောက်ထွက်ရမယ်...ဒီတစ်ခါ ဝှိုက်ပါ ပါတယ်လေကွာ ထိန်းထားစမ်း ဖော်စီရော့ဇ်-
ကျယ်လောင်သည့်အသံတွေကြောင့် ဝှိုက်တုန်တုန်ယင်ယင်နဲ့ သူ့ကျောပေါ်မှထကြည့်တော့ ကြောက်စရာသားရဲပေါင်းများစွာက ဝှိုက်တို့ကိုဝန်းရံထားသည်။ ကြောက်ရွံ့စိတ်နဲ့ ကြည့်နေမိရင်း ရော့ဇ်ကိုတင်းတင်းဖက်ထားသည်။
"ပြေးလို့မလွတ်ဘူး မြေခွေးနက်..အရင်နေ့တွေထဲ ဆင်သားရဲအစောင့်ဆီကနေ သတင်းရထားကတည်းက သားရဲတွေ အသင့်ပြင်ထားတာ....အံ့သြဖို့တော့ကောင်းသားပဲ...မြေခွေးနဲ့ ယုန်က မိတ်ဖက်တဲ့လား"
YOU ARE READING
Dear Raby White🐰(completed)
Fantasy" မြေခွေးဆိုတဲ့အတိုင်း တောတစ်တောလုံး လိမ်လည်လှည့်ဖျားပြီး ပတ်မွှေတတ်တဲ့သူက အရွယ်ရောက်ခါစ ဖြူဖြူစင်စင် ယုန်ဖြူမလေးကို ချစ်မိသွားသောအခါ..." Own Creation (R18) " မြေခွေးဆိုတဲ့အတိုင်း တောတစ်တောလုံး လိမ်လည်လှည့်ဖျားပြီး ပတ်မွှေတတ်တဲ့သူက အရွယ်ရောက်ခါစ ဖြ...