Uni
Part (17)ထိုလူကြီးနှစ်ယောက်က ဝှိုက်နဲ့ တီရာကို ကျောက်ဂူထဲခေါ်သွားကာ အထဲက အစာခြံဆိုတဲ့ထဲ ပစ်ထည့်လိုက်သည်။ သယ်လာခဲ့တဲ့လမ်းတစ်လျှောက်လည်း ကျောက်တောင်တွေနဲ့ ဂူပေါက်တွေချည်းသာ။ အစာခြံထဲဝင်ဖို့ သွားရတဲ့ဂူလမ်းပေါက်က အထဲမှာ လမ်းများစွာ ရှိသည်။ တောင်ထဲတွင် လမ်းကြောများနှင့် ဝင်္ကပာလို ဖြစ်နေသည်။ ကံကောင်းသည်က အများကြီးမဝင်လိုက်ရဘဲ ရောက်သွားခြင်းပင်။
ဒီနံစော်ကာ မစင်နံ့တထောင်းထောင်းနဲ့နေရာက ဘယ်နေရာလဲ။ နှစ်ယောက်သားခြံထဲလှည့်ကြည့်တော့ ဝက်တွေ သမင်တွေ မြင်းတွေ ဒရယ်တွေ နောက်အကောင်သေးသေးတွေများစွာ အလျိုလျိုရှိနေ၏။
ခြံကိုတော့ ခါးလောက်သစ်သားချောင်းတွေနဲ့ကာထားသည်။
ဝှိုက်နဲ့တီရာက တအံ့တသြဖြစ်ကာ ငေးကြည့်မိပြီးမှ တီရာက အနီးရှိမြင်းကိုလှမ်းမေးလိုက်သည်။
"ခင်ဗျားတို့လဲ ဒီထဲရောက်နေကြတာလား
.. ဘာလို့လဲ အတင်းဖမ်းခံထိလို့လား""ဟီ...ဟီ...ဟီ"
လူသံကြားတော့ မြင်းကထဟီသည်။
"အာ...ဒါကတိရစ္ဆာန်ရိုင်းတွေပေါ့... သေစမ်း...သမန်းထင်သွားတာကို"
"ငါရောပဲ"
နှစ်ယောက်သား အံ့သြဖို့အချိန်မရ။ သူတို့ကသမန်းမျိုးနွယ်မဟုတ်ရင် ကိစ္စမရှိ...အရင်ထွက်ပြေးဖို့လုပ်ရမည်။ ပြီးရင် ဂူကထွက်ပြီး ရေစပ်ကို ရောက်အောင်ပြေး....တစ်ဖက်ကမ်းကူးပြီးရင်း ရောက်ပြီ။
ခုတော့ ခြံ အရင်ကျော်ရမည်မို့ ဒီလိုသေးသေးကွေးကွေးမဖြစ်တာမို့ တီရာက အသွင်ပြောင်းကာ ခြံအရင်ကျော်သည်။ ပြီးမှ ဝှိုက်ကို မချီကာ ဂူအပြင်သို့ ပြေးသည်။ အသွင်ပြောင်းချိန်အဝတ်အစားမပါသည်မို့ တီရာကအဝတ်အစားမပါလည်းဖြစ်သည်။ ဝှိုက်က အမသားရဲမို့ မပြောင်းတော့။
တီရာမှတ်မိသလောက် လမ်းခွဲတွေထဲ ပြေးသည်။ တီရာ့ကိုဘယ်သူမှမတွေ့ကြ။ လမ်းကမှန်လား မှားလားတော့မသိပေမယ့် စဥ်းစားလိုက်ပြေးလိုက်လုပ်ရင်း သုံးကွေ့မြောက်မှာ ခပ်မာမာအရာကြီးနဲ့ တိုက်ကာ တီရာဖင်ထိုင်လျက်ပြုတ်ကျသည်။ တီရာချီထသည့် ဝှိုက်လည်းပြုတ်ကျကာ လိမ့်သွားသည်။
YOU ARE READING
Dear Raby White🐰(completed)
Fantasy" မြေခွေးဆိုတဲ့အတိုင်း တောတစ်တောလုံး လိမ်လည်လှည့်ဖျားပြီး ပတ်မွှေတတ်တဲ့သူက အရွယ်ရောက်ခါစ ဖြူဖြူစင်စင် ယုန်ဖြူမလေးကို ချစ်မိသွားသောအခါ..." Own Creation (R18) " မြေခွေးဆိုတဲ့အတိုင်း တောတစ်တောလုံး လိမ်လည်လှည့်ဖျားပြီး ပတ်မွှေတတ်တဲ့သူက အရွယ်ရောက်ခါစ ဖြ...