Part (28)

10.8K 274 14
                                    

Uni

Part (28)

"တကယ်သွားမလို့လား..."

ဂျာဘီရဲ့ စိုးရိမ်စွာ မေးမြန်းမှုက ရော့ဇ်ကို မတားဆီးနိုင်။ အလိုမကျပဲ ထိန်းထားသောဒေါသတွေကြောင့်  မျက်ခုံးနက်နက်တွေကတွန့်ကွေးနေကြသည်။ အံကိုတင်းတင်းကြိတ်ကာ ကုတင်ပေါ်က လှဲလျောင်းနေတဲ့ ဝှိုက်လက်လေးကို ယူနမ်းလိုက်သည်။

Back to....

နှစ်ဖက်လုံး လက်ကမ်းဖို့မြှောက်လိုက်စဥ်

"အား.."

ရုတ်တရတ် ကြားလိုက်ရသည့် အော်သံကြောင့် ရော့ဇ်လှမ်းနေတဲ့လက်တွန့်သွားကာ ရပ်သွား၏။ နားပါးလှသူက ရင်းနှီးတဲ့အော်သံလေးက သူ့နောက်ကထွက်လာတာကြောင့် လက်ကိုရုတ်ကာ နောက်လှည့်လိုက်သည်။ မြင်လိုက်ရသည့် မြင်ကွင်းက သူ့ရင်ကို ခွဲသည့်အလား... ။

ဖြူဖွေးသည့် ဝမ်းဗိုက်ညာဘက်ခြမ်းကို လက်နဲ့ဖိထားသည့်သူမရဲ့ လက်အောက်ကနေနီရဲသောသွေးများ ကျနေသည်က ထိန့်လန့်ဖွယ်။ ဝှိုက်ကိုယ်တိုင်လက်နဲ့ဖိထားပြီး ငုံ့ကြည့်မိရင်း လဲကျသွားသည်။

"ဝှိုက်! ..."

ကျယ်လောင်သော အော်သံနဲ့အတူ သူ့ခြေလှမ်းတွေ ဘယ်လိုသူမနားရောက်သွားလဲမသိတော့။
အံ့သြထိတ်လန့်နေတဲ့ဂျာဘီ လဲကျလာသည့်ဝှိုက်ကို လျင်မြန်စွာ ထိန်းဖမ်းထားလိုက်သည်။ ရော့ဇ်ရောက်လာတော့ သူလက်လွှဲပေးလိုက်သည်။
ရော့ဇ်က ဝှိုက်ကို ထိန်းပွေ့ရင်း

"ဝှိုက်... ကလေး"

သူမရဲ့ချစ်စရာမျက်နှာလေးက နာကျင်မှုကြောင့်မျက်ရည်စလေးများ ခိုတွဲလျက် သူ့ကိုကြည့်နေသည်။ ပြင်းထန်စွာ လှိုက်ဖိုနေတဲ့ သူ့ရင်ဘတ်ကြီးက သူဘယ်လောက်သည်းခံနေကြောင်း တွေ့ရသည်။

"ရော့ဇ်...နာတယ်"

"အင်း... ကလေး ဘာမှမဖြစ်စေရဘူး...ကိုယ့်ကိုယုံ... အိပ်မသွားနဲ့နော်"

"စိတ်ကိုထိန်းနော်..."

"အင်း... "

နူးညံ့တဲ့သူ့အသံနဲ့ ဝှိုက်ရဲ့ခေါင်းလေးကို ပွတ်ပေးကာ ချော့လိုက်သည်။ သူမကိုဖြည်းဖြည်းသာသာ ချကာ သူထရပ်လိုက်သည်။

Dear Raby White🐰(completed) Opowieści tętniące życiem. Odkryj je teraz