Part (19)

8.9K 223 1
                                    

Uni

Part (19)

"ထတော့...ထတော့လို့"

သာယာချိုအေးသောလေသံတိုးတိုးလေးက သူ့နားနားမှာ ကပ်ပြောနေသည်။ ဒီအသံ... သူ့ရဲ့ယုန်မလေးရဲ့အသံ... သူမကသူ့ကိုနှိုးနေသည့်အသံ...။ သူကယောင်ကတမ်းဖြစ်နေတာလား...။ မဟုတ်ဘူး  ဒါသူ့ယုန်မလေးအသံပါ သူ့နှလုံးသားထဲထိ စွဲနေသည့်အမှတ်အသားတွေထဲကတစ်ခု...။

မျက်လုံးတွေကိုအားတင်းကာ ဖွင့်ကြည့်တော့ သူမက သူ့ကိုပြုံးကာ ငုံ့ကြည့်နေသည်။ ပြာလွင်နေသည့် ကောင်းကင်နောက်ခံထားသည့် ဝှိုက်ဘေးတစောင်း မျက်နှာလှလှလေးက ကြည်လင်နေပြန်သည်။

"နိုးပြီလား...ရော့ဇ်ကအိပ်တာကြာလိုက်တာ... ဝှိုက်စောင့်နေတာကြာပြီ"

သူမကပြုံးပြုံးလေး သူ့မျက်နှာကို လူနှစ်ဖက်နဲ့ကိုင်ကာ ချွဲချွဲနွဲ့နွဲ့ပြောနေသည်။ သူခေါင်းတင်အိပ်နေတာ ဝှိုက်ပေါင်ပေါ်မှာ...တကယ်ပဲဝှိုက်လား...

သူချက်ချင်းထထိုင်ကာ ဝှိုက်ကိုယ်လေးကို သိမ်းဖက်ပစ်လိုက်သည်။ သူစိုးရိမ်ခဲ့တာ...သူလွမ်းနေခဲ့တာ...ပျောက်သွားမှုစိုးသည့်စိတ်နဲ့ သူ့အားပို တိုးပြီး ဖက်ထားတော့ သူမအသံတိုးတိုးလေးထွက်လာသည်။

"ရော့ဇ် နဲနဲလျော့ပါအုံး..ဝှိုက်ဘယ်မှမသွားပါဘူး..စိတ်အေးအေးထားနော်..ဟုတ်ပြီလား"

သူရင်ဘတ်ထဲ တဒိန်းဒိန်းခုန်နေသည်။ သူမကို ဘယ်သူခေါ်သွားလဲ သူရေဆုံးမြေဆုံးလိုက်ကာ ခေါ်သွားသူကိုသတ်ပြီး ပြန်ခေါ်မည်။ သူမဘာသာထွက်သွားရင်လည်း သူခွင့်လွှတ်မည်။ သူ့ရင်ခွင်ထဲ အန္တရာယ်ကင်းကင်း ပြန်ရောက်လာသည်ကလွဲ၍ ဘာမှအရေးမကြီးပေ။

"ကိုယ်လွမ်းနေတာ"

တုန်ယင်နေသည့်သူ့အသံကြောင့် ဝှိုက်သူ့ကို ပြန်ဖက်ထားပေးရင်း သူ့ရင်ဘတ်ပေါ်ပါးကပ်ထားမိသည်။ သူစိတ်ငြိမ်သွားမှ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်မိတော့ အဆုံးအစမရှိတဲ့ပန်းခင်းကြီးတစ်ခု...။

ရော့ဇ် ဘာပန်းလည်းမပြောတတ်ပေမယ့် ပွင့်ဖက်ပါးပါးလေးတွေနဲ့ အဖြူရောင်..အဝါနုနုနဲ့အပြာနုနုပန်းပွင့်တွေက ရေနှောပေါက်နေကြကာ မျက်စိတဆုံးအပြာရောင် ကောင်းကင်ကြီးနဲ့ ထိစပ်နေ၏။ သူတို့ရောက်နေတာက မြက်ခင်းစိမ်းစိမ်းနဲ့တောင်ကုန်းလေးတစ်ခု။

Dear Raby White🐰(completed) Where stories live. Discover now