Part (15)

11.1K 255 8
                                    

Uni

Part (15)

ရက်အနည်းငယ်လောက် ဝှိုက်စိတ်ကောက်နေဆဲပင်။

ဘာကြောင့်လဲ... ဖေဖေနဲ့မေမေဆီသွားချင်တာ ဘာလို့မပို့ပေးလဲ... ဟွန်း မှတ်လောက်အောင်ပစ်ထားအုံးမယ်... ဘာရယ်ကြောင့်မဟုတ်...အရင်က သူပေးတဲ့ကတိကို သူမတည်ဘဲ လုပ်ကာ ဝှိုက်ကို လိမ်လို့လေ။

ရော့ဇ်အနားကပ်လာလျှင် ရိုက်သည်။ ကုတ်သည်။ ရော့ဇ်မှာ သူမရိုက်လို့..ကုတ်လို့ မနာပေမယ့် မခေါ်မပြောတော့ စိတ်မကောင်းပြန်။ ဒီကောင်က နူးညံ့တဲ့အထိအတွေ့တွေနဲ့ အသားကျနေပြီ... နူးညံ့တဲ့ အပြုအမူတွေ အပြုံးလေးတွေ..အသံချိုချိုလေးတွေသာ ရှိစေချင်သည်။

သူမတောင်းဆိုတာကို မလိုက်လျောနိုင်ပြန်။ ဒါက သူနဲ့သူမကို တစ်သက်ဝေးသွားစေနိုင်သလို... သူ့အကြောင်းသိပြီး သူမမုန်းမှာလည်း သေအောက်ကြောက်တတ်လာသည်။ ဒါဟာ သူမနဲ့တွေ့မှ သူကြောက်တတ်လာတာတွေ...

ခုလည်း ရေတံခွန်ဘေး ထိုင်နေကျအတိုင်း သွားထိုင်ကာ ပွစိပွစိ ရွတ်နေပြန်သည်။ သူမနီးမဝေးက ငေးကြည့်နေရင်း ဘယ်လိုချော့ရမလဲ စဥ်းစားနေမိသည်။ ဂျာဘီကို မေးရင်ကောင်းမလား...သူဆိုမိတ်ဖက်တွေစိတ်ကောက်ရင် ဘာ်လိုချော့မလဲ သိမှာပဲ... ဒါပေမယ့် ရှက်စရာကြီး။

ရော့ဇ်မျက်နှာကိုသာ အကြိမ်ကြိမ်ပွတ်မိတော့သည်။ ခနကြာတော့ မပြောမဆိုနဲ့ ဂျာဘီရောက်လာသည်။ သစ်ပင်မှာမှီနေတဲ့ ရော့ဇ်ဆီသွားရင်း ရော့ဇ်ငေးနေရာဆီ ကြည့်လိုက်တော့ ဖြူဖွေးနေသည့်အသားအရည်နဲ့ ငွေရောင်ဆံနွယ်ရှည်တွေက တလွင့်လွင့်ကျနေကာ ဘေးစောင်းပုံစံနဲ့တင် အလွန်လှပသောမိန်းမပျိုသားရဲ ဖြစ်နိုင်သည်။ ဂျာဘီမှာ ဝှိုက်ကိုတွေ့တာ ခုမှပထမအကြိမ်မို့ ရော့ဇ် ကဲသည်းနေတာကို ခုမှနားလည်လိုက်သည်။

ကိုယ့်လူက ကြမ်းကြမ်းရမ်းရမ်းမြေခွေးဆိုး... သားရဲပြောင်းလျှင်တစ်ကိုယ်လုံးနက်မှောင်နေပြီး မျက်လုံးတွေသာ အဝါရောင်တောက်နေတာ။ လူအသွင်ပြောင်းရင်တော့ အညိုရောင်စိုစိုအသားအရည်နဲ့ လူကောင်က ဟိုကယုန်ဖြူမလေးနဲ့ နှစ်ဆလောက် ကွာနေပြန်သည်။

Dear Raby White🐰(completed) Where stories live. Discover now