Uni
Part (12)
အထုပ်အပိုးချကာ ရော့ဇ်အနီးကပ်သွားတော့ ဝှိုက်လှည့်မကြည့်လာ... ဘာတွေဒီလောက်များတွေးနေတာလဲ...။
"ဝှိုက်"
အဖြူလုံးလေးက ငြိမ်သက်လျက်... ရော့ဇ်စိတ်ထဲစိုးရိမ်သွားကာ အနီးမြန်မြန်သွားရင်း ဘေးနားထိုင်ချကာ နူးညံ့စွာခေါ်လိုက်သည်။
"ဝှိုက်...ကလေး ဘာဖြစ်လို့လဲ"
သူခေါ်လိုက်မှ ခေါင်းလေးလည်လာကာ သူ့ကိုကြည့်သည်။ တောက်တောက်ပပနှင့် ကြည်လင်နေကျမျက်ဝန်းလေးတွေက တစ်ခုခုခံစားနေသလို မျက်မှောင်ကြုတ်နေသည်။
"ရော့ဇ်...နာတယ်"
"ဟင်...နာတယ် ဘယ်နားလဲ ဘာဖြစ်တာလဲ"
ရော့ဇ်မှာ ပူထူသွားသည်။အဝေးကနေကြည့်နေချိန် ခွေခေါက်နေကတည်းက သူသိလိုက်ရမှာ တုံးလိုက်တဲ့မြေခွေးကောင်ပဲ...မင်းက....
ငယ်ထိပ်ထိတက်လာသည့် ဒေါသကိုမြိုချကာ ဝှိုက်ခန္တာကိုယ်ကိုစစ်ဆေးဖို့က ပိုအရေးကြီးသည်။ ရော့ဇ် သူမကိုယ်လေးကို ပွေ့ကာ ရင်ခွင်ထဲထည့်ပြီး အနီးကပ်ဒဏ်ရာတွေ စစ်ဆေးလိုက်သည်။
ဝှိုက်က သူစစ်ဆေးသမျှငြိမ်နေကာ မျက်လုံးညိိုညိုတွေပေါ်က အလိုမကျ၍ တွန့်ခေါက်နေသော မျက်ခုံးတွေ...ပါးလျသပ်ရပ်သော နှုတ်ခမ်းညိုညိုကြီးတွေ...ဖြောင့်တန်းတဲ့နှာတံမြင့်မြင့်ကို စိုက်ကြည့်ရင်း...ရင်ဘတ်ထဲကအမည်မသိ ခံစားချက်ကြောင့် ဝှိုက်မျက်ရည်ဝဲလာသည်။
ရော့ဇ်မှာ တစ်ကိုယ်လုံးစစ်ကြည့်ပေမယ့် ဒဏ်ရာမတွေ့တာကြောင့် တဝက်စိတ်ချသွားသွားကာ ဝှိုက်ကိုကြည့်၍
"အပြင်ဒဏ်ရာမရဘူးဆို့တော့ ခန္တာကိုယ်ထဲက နာလို့ကလေး"
"အင်း...ဒီနားက အောင့်ပြီးနာတယ်"
ဝှိုက်ဘယ်ဘက်ရင်ဘတ်ကို ဖိပြတော့ ရော့ဇ်ကဝှိုက်လက်လေးကိုဖယ်ပြီး ရင်ဘတ်ဖြူဖြူလေးကို သေချာကြည့်သည်။
"ဒီနားလား...ဘယ်သူလုပ်သွားလို့လဲ...ခုနကလာတဲ့ သားရဲကြောင့်လား"
ရော့ဇ်အသံမှာ အန္တရာယ်တွေနဲ့ ပြည့်နေသည်။
"အင်း...သူပြန်သွားတော့ ဒီလိုဖြစ်တာ"
YOU ARE READING
Dear Raby White🐰(completed)
Fantasy" မြေခွေးဆိုတဲ့အတိုင်း တောတစ်တောလုံး လိမ်လည်လှည့်ဖျားပြီး ပတ်မွှေတတ်တဲ့သူက အရွယ်ရောက်ခါစ ဖြူဖြူစင်စင် ယုန်ဖြူမလေးကို ချစ်မိသွားသောအခါ..." Own Creation (R18) " မြေခွေးဆိုတဲ့အတိုင်း တောတစ်တောလုံး လိမ်လည်လှည့်ဖျားပြီး ပတ်မွှေတတ်တဲ့သူက အရွယ်ရောက်ခါစ ဖြ...