အပိုင်း (၁၃၄၆) - နတ်ဆိုးမအိုကြီးပြန်လာပြီ

1.3K 183 0
                                    

Zawgyi


"မင်းငါ့ကိုလွှတ်ပေးမယ်ဆိုရင် မင်းအဖေရှာတာကိုကူညီပေးမယ်၊ သူ ဘယ်မှာလဲဆိုတာ ငါသိတယ်" မြူခိုးမည်းသည် ရှီမာယူယူနှင့် ညှိနှိုင်းရန် ကြိုးစားနေတုန်းပင်။

ရှီမာယူယူ ရင်များဒုန်းခနဲဖြစ်သွားသည်။ သို့သော် သူမ သိသာအောင် မပြဘဲ ပြောလိုက်သည် "ငါ မင်းကိုရှင်းရှင်းလင်းလင်းပဲ ရွေးချယ်စရာတွေပေး ပြီးပြီ ရွေးချယ်စရာနှစ်ခုပဲရှိတယ်၊ စဉ်းစားဖို့ကို မင်းအချိန်ယူလို့ရတယ်"

"မင်းအဖေကို မင်းမရှာချင်ဘူးလား ငါ့ကိုလွှတ်ပေးရင် မင်းကိုကူညီပေး မယ်၊ ဒါကမှ မျှတမှာလေ"

"ငါ့အဖေကို ငါရှာချင်ပါတယ်၊ ဒါပေမဲ့ မင်းမရှိရင်တောင် ငါရှာလို့ရတယ်" ရှီမာယူယူသည် အတည်ပေါက်ဖြင့် ပြောလေသည်။

"ငါမပါဘဲ မင်းရှာလို့မရပါဘူး"

"အိုး ဟုတ်လား" ရှီမာယူယူ ပြုံးလိုက်သည် "မင်းမရှိဘဲ ငါ့အဖေကိုရှာဖို့ မျှော်လင့်ချက်ရှိသေးတယ်၊ ဒါပေမဲ့ မင်းကရော ငါ့ခွင့်ပြုချက်မရှိဘဲနဲ့ ထွက်သွား ဖို့ကို စဉ်းစားဖို့မပြောနဲ့ မင်းတစ်ဘဝလုံးကို ဒီကန်သေးသေးလေးထဲမှာ နေသွား ရလိမ့်မယ်၊ ငါ့အတွက်ကတော့ မင်းကမလိုဘူး၊ ဒါပေမဲ့ မင်းအတွက်က ငါ့ကို လိုတယ်လေ"

"မင်းကို သခင်အဖြစ်အသိအမှတ်ပြုဖို့ ငါ့အတွက်မဖြစ်နိုင်ဘူး" ထို ကောင်လေးသည် ထပ်ခါတလဲလဲပြောနေသည်။

"ဒါဆိုလည်း ကောင်းပြီလေ" ရှီမာယူယူ ပခုံးတွန့်လိုက်သည် "မင်း ဒီမှာ နေချင်တယ်ဆိုလည်း မင်းအပေါ်မှာပဲမူတည်တာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ အရှုံးမရှိဘူး၊ ငါထွက်သွားတာနဲ့ သူတို့က မင်းကိုပြန်ပိတ်ထားမှာပဲ၊ အဲအချိန်ကျ ရင် သူတို့က ဒီနေရာကို ကန့်သတ်ဧရိယာအဖြစ်ပြန်လုပ်မယ်၊ ငါ ဒီနေရာကိုလာ ဖို့ ဘာအခွင့်အရေးမှမရှိတော့ဘူး"

"ဟုတ်တယ်" ရှီယူလည်း ပြောလာသည် "ညီမလေး မင်းက ဒီကိုအခုမှ လာတာ၊ အရင်ကဘာတွေဖြစ်ခဲ့လဲမသိဘူး၊ အရင်တုန်းက တားမြစ်ဧရိယာနား ကို ကပ်လာတဲ့ဘယ်သူ့ကိုမဆို နေရာတင်သုတ်သင်လိုက်တာပဲ၊ တစ်ခါက တားမြစ်ဧရိယာပတ်ပတ်လည်ကို ရောက်လာတဲ့ စံတင်အဆင့်လူကိုတောင်မှ ရောက်ခါစရှိသေးတယ် နေရာတင်သတ်ပစ်လိုက်တာကို ငါ မှတ်မိသေးတးယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 8Where stories live. Discover now