အပိုင်း (၁၃၃၁) - ချိပ်ပိတ်ရမယ့်နည်းလမ်းကိုမြို့ဝန်ပဲသိတယ်

1.4K 199 0
                                    

Zawgyi


ကန်၏အေးချမ်းမှုမှာ သုံးရက်သာကြာလေသည်။ တတိယမြောက် နေ့လယ်ခင်းတွင် စွမ်းအားမှာ ပြန်လည်ရိုက်ခတ်လာသည်။ အစပိုင်းတွင် အား မပြင်းထန်လှပေ။ အထဲမှ ပစ္စည်းများပစ်ခြင်းမှာလည်း အားကောင်းခြင်းမရှိ ပေ။

ဝူမန်၊ ကျန်းဟောက်၊ မောင့်ရှားနှင့် လော့ချီတို့သည် ကန်ဘေးတွင်ရပ်နေ ကြသည်။ ရေများပြင်းထန်စွာ ရိုက်နှက်နေသည်ကို မြင်သည်နှင့် သူတို့စိတ်များ လှုပ်ရှားလာကြသည်။

သူတို့ထင်ထားသည်ထက်ပင် အလွန်မြန်နေသည်။

"အခုမှ နှစ်ရက်စွန်းစွန်းပဲရှိသေးတယ် ပြန်စလာပြန်ပြီ" ဝူမန်သည် သူမ ၏ ယပ်တောင်အနီကို ခတ်ရင်းနှင့် ကန်ဘက်သို့ ရံဖန်ရံခါ လေဝှေ့ယမ်ပေး လိုက်သည်။ သူမ ထိုသို့လုပ်လိုက်လျှင် အရည်များမှာ ငြိမ်ကျသွားလေသည်။

"လူတိုင်း အနည်းနဲ့အများပြန်အားပြည့်လာလို့တော်သေးတယ်၊ အဲဒီဟာ သာ ပြန်ပြီးတော့ ခုခံလာမယ်ဆိုရင် ငါတို့ထပ်ပြီးတော့ ဖိနှိပ်ရမှာပဲ" ကျန်းဟောက် ပြောလိုက်သည်။

"အဲလိုလည်းမဟုတ်သေးဘူး" မောင့်ရှားသည် ကန်ထဲမှရေကိုကြည့် လိုက်သည်။ အပေါ်တွင် အမှောင်အတားအဆီး ရှိနေသည်။ "အရင်တုန်းက အကုန်လုံးက မီးခိုးမည်းတွေပါ၊ ဒါပေမဲ့အရည်တွေလို ထူထဲသွားတယ်၊ အဲဒါက သူ အားကောင်းလာတယ်ဆိုတာကို ပြနေတာပဲ၊ ကြည့်လိုက် ဒီအရည်ရဲ့အရောင် ကလွန်ခဲ့တဲ့ နှစ်ရက်ကထက် ပိုနက်လာတယ်"

"ပိုပြီးတော့ အားကောင်းလာတာပဲ"

"ဟုတ်တယ် ဒါကြီးက ပေါက်ကွဲထွက်မှာတောင် ကြောက်ရတယ်"

"ဖိနှိပ်လို့မရနိုင်ဘူးလား"

"မြို့ဝန်ပြန်လာမှဖြစ်မယ်" ကျန်းဟောက် ပြောလိုက်သည် "ဒါကို ဘယ်လိုချိပ်ပိတ်ရမလဲဆိုတာ မြို့ဝန်တစ်ယောက်ပဲသိတယ်၊ အရင်တုန်းက တော့ သူမက နှစ်ပေါင်းတစ်ရာတိုင်းမှာ ပြန်ချိပ်ပိတ်တယ်၊ ဒါပေမဲ့ အခု နှစ်၁၀၀ ကျော်တာ နှစ်တောင်နည်းနည်းကြာနေပြီ သူမ ပြန်မလာသေးဘူး"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 8Donde viven las historias. Descúbrelo ahora