အပိုင်း (၁၄၅၀) - ဉာဏ်အလင်းပေါက်ခြင်း

1.5K 177 1
                                    

Zawgyi


ထိုနေရာတွင် တခြားအဖွဲ့ခွဲမှလူများလည်းရှိနေကြပြီး သူတို့ကျန်းရယ်၏ စကားများကို ကြားပြီးနောက်တွင် မျက်နှာများပျက်သွားကြလေသည်။

သူတို့၏ ဂျူနီယာများလည်းသည် ရှီမာယူယူ ကုသရန်လိုသည့်လူများ တွင် ပါဝင်ကြသည်။

ရှီမာယူယူသည် ရှေ့ထွက်ပြီး ရှင်းပြရန်ဟန်ပြင်လိုက်ချိန်တွင် ရှီမာကျိယွင်သည် အရင်ပြန်ဖြေလိုက်သည်။

"မင်းကို အရင်ကတည်းကပြောပြီးပြီလေ၊ အိမ်မှာပဲနေပြီးတော့ ကျင့်ကြံ တာနဲ့ပဲ အချိန်ကုန်လို့၊ မင်းမှာ အာရုံစိုက်ဖို့ တခြားကိစ္စတွေရှိသေးတယ်၊ အရေးအကြီးဆုံးက မင်းဦးနှောက်ကို သုံးရမယ်၊ အဲဒါမှ ငတုံးမဖြစ်မှာ၊ ဘာလို့ ငါ့စကားကို နားမထောင်တာလဲ အခုကြည့်လေ တကယ်ပဲ အခုလိုဖြစ်လာပြီ" ရှီမာကျိယွင်သည် နောင်တရစွာဖြင့် ပြောလေသည်။

"ဟား..." တခြားသူများသည် ကျန်းရယ်၏ မိသားစုတွင်း ဂုဏ်ရှိန် ကြောင့် မရယ်ရဲသော်လည်း ရှီမာယူယူသည် အရှက်အကြောက်ကင်းစွာ ရယ်မောလိုက်သည်။

ဘိုးဘိုးကြီးက လှည့်ပတ်ပြီးတော့ လူကို ဆဲလိုက်တာပဲ။

အဲလိုပြောဖို့ဆိုရင် တုံးအနေလို့မရဘူး။

"ရှီမာကျိယွင်"

"ကြားတယ် ငါက နားပင်းနေတာမဟုတ်ဘူး ဘာလို့အဲလောက် အော်နေတာလဲ" ရှီမာကျိယွင်သည် နားကိုကလော်လိုက်သည် "ငါ မဟုတ်တာ တွေပြောနေတာလို့ မပြောနဲ့"

သို့သော် ကျန်းရယ် မပြောခင်တွင် သူဆက်ပြောလေသည် "ယူယူက သေချာပေါက် အားလုံးအတွက် အဆိပ်ဖြေဆေးဖော်စပ်ပြီး အကုန်လုံးကို ဝေ ပြီးသွားပြီ၊ ဒါပေမဲ့ မင်းတို့ဘက်ကရော မင်းတို့အားလုံးက သံသယဝင်ပြီးတော့ သူတို့ကိုမပေးခဲ့ကြဘူး၊ အခု လုံးဝမတူတဲ့စကားတွေပြောနေတယ် ယူယူက ငါတို့ အဖွဲ့ခွဲအတွက်ပဲ အဆိပ်ဖြေဆေးဖော်ပေးပြီး မင်းတို့အတွက် မလုပ်ပေး ဘူးလို့ ပြောခဲ့တယ်နော် ပြောပါဦး မင်းရဲ့ကျင့်ကြံမှုတွေက တုံးအကုန်တာလား"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 8Место, где живут истории. Откройте их для себя