အပိုင်း (၁၄၄၅) - သဘောတူညီချက်လုပ်ရအောင်

1.3K 175 0
                                    

Zawgyi


"မိသားစု ခေါင်းဆောင်"

သူတို့သည် မျိုးနွယ်အကြီးအကဲများနှင့် လူကြီးများဖြစ်သဖြင့် ရှီမာကျိယွင် သူတို့ကို မိသားစုမှနှင်မထုတ်နိုင်သည်ကိုသိသော်လည်း ထိုသို့ ပြောလိုက်သည်ကို အံ့ဩနေမိတုန်းပင်။

"ငါ ဒီကို လူအများကြီးခေါ်မလာသင့်ဘူး ဒီကနေထွက်သွားကြတော့ သွား သွား သွားကြ" ရှီမာကျိယွင်သည် စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းလိုက် သည်။

ရှီမာထူနှင့် တခြားသူများသည် ရှီမာယူယူကို ကြည့်ကြလိုက်ကြသည်။ သို့သော် မည်သည့်စကားမှ မပြောရဲကြပေ။ သူတို့သည် အင်္ကျီလက်များကို စိတ်တိုစွာဖြင့် ဝင့်ပြီး ထွက်သွားကြလေသည်။

သူတို့ထွက်သွားသည်ကို ရှီမာယူယူမြင်ပြီးနောက် ရှီမာရှုံ့ချီနှင့် ဟွမ်ရင်ရင်တို့၏ မျက်နှာမှအပြုံးကို မြင်လိုက်ရသည်။

အစကတည်းကပင် အဘိုးနှင့်အဘွားတို့ မပျော်မရွှင်ဖြစ်သည်ကို သူမ သိထားပြီး ရှီမာထူကိုကြည့်သောအကြည့်များမှ ဒေါသနှင့် ချုပ်တည်းမှုကို မြင် နေရသည်။

အခု သူထွက်သွားလိုက်ပြီဆိုတော့ သူတို့ အကြည့်ကို ထိန်းချုပ်ဖို့ မလို တော့ဘူး။

"ဟုတ်ပြီ အခု အဲလူတွေသွားပြီဆိုတော့ ယူယူ ဘိုးဘိုးကြီးကိုပြောပြဦး သူတို့ ပြန်ကောင်းဖို့ အဲလောက်ကြာလား" ရှီမာကျိယွင် ပြောလိုက်သည်။

"ဟုတ်တယ်" ရှီမာယူယူ ပြောလိုက်သည် "သူတို့ခန္ဓာကိုယ်ထဲက အဆိပ်ကို ရက်တစ်ရာအိပ်ဆေးလို့ခေါ်တယ်... အဆိပ်မိတဲ့လူက ရက်တစ်ရာ အိပ်ပျော်ပြီးတော့ အိပ်ပျော်နေတုန်းကို ဖြတ်လပ်မှုကို စားသုံးခံလိုက်ရတယ် ရက်တစ်ရာပြည့်ပြီးရင် သူတို့ဖြတ်လပ်မှုက ခြေကုန်လက်ပမ်းကျသွားလို့ အသက်ဆုံးရှုံးနိုင်တယ်"

"ရက်တစ်ရာ အိပ်ဆေးဟုတ်လား အရင်က ဒီအဆိပ်ကိုမကြားဖူးပါဘူး"

"အရမ်းကိုရှေးကျတဲ့ အဆိပ်ပဲ၊ သက်ရောက်မှုက လူတွေကို အိပ်နေတာ နဲ့တူစေတယ်၊ အဲဒါကြောင့် တော်တော်များများ မပြောနိုင်ကြဘူး၊ ပြီးတော့ သူ့ ပါဝင်ပစ္စည်းတွေက အရမ်းရှားလို့ အဆိပ်ဖြေဆေးကလည်း ဖော်စပ်ဖို့ အရမ်း ခက်တယ် နောက်တော့ ပျောက်ကွယ်လုနီးပါးပဲ" ရှီမာယူယူ ပြောလိုက်သည် "သမီးလည်း မတော်တဆတွေ့ခဲ့တာကြောင့်သာမဟုတ်ရင် ရောဂါလက္ခဏာ ကို ခွဲနိုင်မှာမဟုတ်ဘူး"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 8Hikayelerin yaşadığı yer. Şimdi keşfedin