အပိုင်း (၁၃၅၀) - မျိုးနွယ်အကြီးအကဲများ ပြဿနာတက်ခြင်း

1.4K 178 0
                                    

Zawgyi


ဝူမန်သည် လေးနက်သောအကြည့်ပြောင်းသွားသည်။ ရှီကုန်းကို ထိုသို့ ဖြစ်စေသည်မှာ အမှန်တကယ်ပင် ကြီးသောပြဿနာဖြစ်သည်။

သူမဖခင်မှ ဖြစ်ခဲလှသော အမူအရာကို ရှီယူ မြင်လိုက်ရသည်။ သူမ အရင်ကမမြင်ဖူးသဖြင့် သိချင်စိတ်ဖြင့် မေးလိုက်သည် "အဖေ ဘာဖြစ်လို့လဲ"

"ယူအာ ပြန်လာပြီလား" ရှီကုန်းသည် အခုမှပင် သူ၏အဖိုးတန်သမီးလေး ကိုမြင်နိုင်တော့သည် "ပြန်လာမှတော့ သွားအနားယူလိုက်ဦး အဖေအဒေါ်မန်နဲ့ ဆွေးနွေးပြီးရင် သမီးဆီလာလည်မယ် ဝူမန် စာဖတ်ခန်းထဲသွားရအောင်"

"အင်း" ဝူမန်သည် ခေါင်းညိတ်ကာ ရှီကုန်းနှင့်အတူ ပျောက်သွားလေ သည်။

သူတို့သည် လေဟာပြင်ဝင်ပေါက် မဖွင့်ဘဲ ပျောက်ကွယ်သွားသည်။ ထို စွမ်းအားမျိုးသည် ဖန်ရူယန်လိုလူမျိုးတွင်ရှိတတ်သည်ကို ရှီမာယူယူသတိရ သွားသည်။

သူတို့သည်လည်း နေရာတွင်ပင် ပျောက်ကွယ်သွားသည်။

သူတို့ ထိုအတိုင်း ထွက်သွားပြီးနောက်တွင် ရှီယူသည် နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည် "အဖေက ငါနဲ့စကားတောင်မပြောနိုင်လောက်အောင် ဘာတွေများဖြစ်နေတာလဲ"

ရှီမျိုးနွယ်၏ အစ်ကို၃သည် သူ၏ ပျော်ပျော်နေတတ်သောပုံစံကို အသာ ပေးချထားပြီး သူ၏ ညီမလေးကိုနှစ်သိမ့်လေသည် "အဖေ့ကို စိုးရိမ်အောင် ကိစ္စ ကြီးတစ်ခုခုဖြစ်လို့ဖြစ်မယ်၊ အဖေ့ကိုစိတ်မဆိုးပါနဲ့"

"ညီမနားလည်ပါတယ်" ရှီယူ ဆက်ပြောလေသည် "အဖေ့ကို အဲလောက် စိုးရိမ်စေအောင် ဖြစ်စေတဲ့အဲဒီကိစ္စကြီးကိုစဉ်းစားနေတာ၊ ညီမတို့ ဘာလို့ ခိုး နားမထောင်ရမှာလဲ အကူအညီတစ်ခုခုလုပ်ပေးရင်လုပ်ပေးနိုင်မှာလေ"

"မရဘူး" အစ်ကို၃သည် သူမအားဆွဲပြီး ပြောလိုက်သည် "အဖေ့ရဲ့ စည်းမျဉ်းကိုမမေ့နဲ့လေ၊ စာဖတ်ခန်းကလွဲပြီး ကြိုက်တဲ့နေရာကိုဿွားလို့ရ တယ်၊ ဒီမှာဧည့်သည်ရှိနေတာပဲမလား၊ သူတို့ကို နေရာချပေးလိက်လေ၊ သူတို့ ကိုပါ မင်းနဲ့ပြဿနာရှာခိုင်းချင်တာလား"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 8Tempat cerita menjadi hidup. Temukan sekarang