Zawgyi
အပိုင်း (၁၅၀၁) – သူမ၏ လုပ်ပိုင်ခွင့်
ရှီမာယူယူသည် သူမမျက်လုံးထဲမှ ရွံရှာမှုကိုမြင်သောအခါ ပြောလိုက် သည် "နှမြောစရာပဲ၊ သူမက မိန်းမကောင်းလေးဖြစ်နေတာကို ဒီလက်က နောက်ဆိုရင် သူများတွေကိုပြလို့မရတော့ဘူး"
"လီက ပြီးပြည့်စုံနေတာကို ကြိုက်တာ" ရွှမ်ချုံးဟော် ဆက်ပြောလေ သည် "သူမလက်က အခြေအနေမကောင်းတော့ မင်းနောက်ကိုလိုက်ခွင့်ပြုမှာ မဟုတ်ဘူး"
ရှီမာယူယူသည် ရွှမ်ချုံးဟော်ကို ကြည့်လိုက်သည်။ သူ တမင်များပြော လိုက်တာလား။
"ဒါပေမဲ့ ဘယ်လိုလုပ်..." တုန်လိုင်လီသည် နှုတ်ခမ်းကိုက်ကာ နောင်တ ရစွာဖြင့် ကြည့်လေသည်။
"သူမကို မလိုချင်တော့ဘူးလား သခင်မလေးလိုင် သူမကိုမလိုချင်တော့ ရင် ကျွန်မကိုပေးလိုက်ပါလား" ရှီမာယူယူ ပြောလိုက်သည်။
"သူမကို ပေးရမယ်ဟုတ်လား" တုန်လိုင်လီသည် ရှီမာယူယူကိုကြည့် လိုက်သည်။ အဲဒါဘာအဓိပ္ပာယ်လဲ။
"ဟုတ်တယ် လျှို့ဝှက်မိသားစုက အစေခံရှိတာ အရမ်းမိုက်တယ်လို့ထင် တယ်" ရှီမာယူယူသည် ရတနာတစ်ပါးကိုရှာတွေ့ရသကဲ့သို့ တောက်ပစွာ ပြုံး လေသည်။
"မဟုတ်ဘူး အန်းလေက ကျွန်မတို့အစေခံရဲ့ကလေးပဲ သူမ မိဘတွေက မသေချင်ကို သူမကို တုန်လိုင်မျိုးနွယ်ဆီကိုအပ်ထားခဲ့တာ သူမကို အဲလိုမျိုး မဆက်ဆံနိုင်ဘူး" တုန်လိုင်လီ ငြင်းဆန်လေသည်။
"အိုး သိပြီ အဲဒါကြောင့် ရှင်တို့က သူမအသက်ကိုကယ်ဖို့ ထိပ်တန်း အဆင့်ကျောက် ခုနှသောင်းကိုသုံးခဲ့တာကိုး" ရှီမာယူယူ ဆက်ပြောလေသည် "ဒါဆိုရင် သူမလက်ကို ကုဖို့ဆန္ဒရှိတယ်လို့ ဆိုလိုတာလား၊ နည်းနည်းဈေးကြီး ပေမဲ့ ကုသလို့ရတာတော့ ကောင်းတဲ့ကိစ္စပဲလ"
"လီ သူမ မျိုးနွယ်အတွင်းမှာနေတာက သူမကောင်းဖို့အတွက်လုပ်နေ တယ်ဆိုတာကို ငါသိပါတယ် ဒါပေမဲ့ အခုသူမက မသင့်တော်တော့ဘူးလေ" ရွှမ်ချုံးဟော် ဆက်ပြောလေသည် "အရင်တုန်းက သူမမိဘတွေရဲ့ကျေးဇူးကို မင်းတို့မျိုးနွယ်တွေ မှတ်မိသေးတယ်ဆိုရင် သူမဘဝလမ်းကို သူမဘာသာ ရွေးချယ်ခွင့်ပြုသင်တယ်"
ESTÁS LEYENDO
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 8
EspiritualBook-8 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြား...