အပိုင်း (၁၃၈၈) - တိုက်ပွဲအရှုပ်အထွေးပြီးနောက် သူမ၏ အကြံပြုချက်

1.6K 193 1
                                    

Zawgyi


"မင်း ယူယူလား" အဘိုးနတ်ဆိုးသည် အံ့ဩပြီး ရယ်မောကာ သူမဆီသို့ လာပြီး ဖက်လိုက်လေသည် "ဟားဟား ငါပြန်လာတာနဲ့ ငါ့ရဲ့အဖိုးတန်တပည့် လေးကိုတွေ့ရမယ်လို့ထင်မထားဘူး"

"ဆရာ အကျယ်ကြီးမပြောပါနဲ့ ကျွန်မပြန်လာတာကို သူများတွေကို ပေး သိလို့မဖြစ်ဘူး"

"ဟင်"

"အသေးစိတ်ကို နောက်မှပြောကြတာပေါ့ ဒါက..." ရှီမာယူယူသည် ရေပြင်ညီဖြစ်နေသော တောင်ကြားကိုကြည့်လိုက်သည်။ "ကြည့်ရတာ ဒါကို အရင်လုပ်ရတော့မယ်ထင်တယ်"

"ငါတို့ ဒီမှာနေလို့ရတော့မယ်လို့ မထင်ဘူး၊ ဒါကို နောက်မှပြောကြတာ ပေါ့၊ အရင် အကုန်လုံးကို ဆေးကုကြတာပေါ့" လျန်ဝူမင် ပြောလိုက်သည်။

"ကောင်းပါပြီ ဒါဆိုရင် ကာကွယ်ရေးတည်ဆောက်မှုကို ပြင်ဖို့လူခေါ် လိုက်ပါဦးမယ် အဲဒါမှ အထဲမှာနလန်ထူလို့ရမှာ" ရှီမာယူယူ ပြောလိုက်သည်။

"ဟုတ်ပြီလေ ဒုက္ခပေးရတဲ့အတွက် တောင်းပန်ပါတယ်" လျန်ဝူမင်သည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

"ကျွန်မတို့ အခုသွားလိုက်ပါဦးမယ်၊ မင်းတို့တွေ ငါနဲ့လိုက်ခဲ့" ရှီမာယူယူ သည် အသည်းကွဲတောင်ကြား၏ တည်ဆောက်မှုသခင်ကိုခေါ်ပြီးနောက် ကာကွယ်ရေးတည်ဆောက်မှုကြီးကို ပြင်ရန်သွားလိုက်လေသည်။

ရှီမာယူယူ ထိုအတိုင်းလျှောက်သွားသည်ကို အဘိုးနတ်ဆိုးမြင်သောအခါ ပါးစပ်အဟောင်းသားဖြစ်လေသည်။

"ငါတို့ ရှီမာယူယူက ဘယ်တုန်းက အဲလောက်အားကောင်းသွားတာလဲ"

"မင်းမရှိတုန်းကို ကိစ္စတွေအများကြီးဖြစ်ပျက်သွားတယ်၊ မင်းက သူမ ကြီးထွားလာတာကိုလွတ်သွားတာပဲ" လျန်ဝူမင် ဆက်ပြောလေသည် "မင်း တပည့်က ဆယ်စုနှစ်နည်းနည်းလောက်နဲ့တင် လေးစားထိုက်တဲ့အဆင့်ထိ တက်လာခဲ့တယ်"

"ဘာ" အဘိုးနတ်ဆိုးသည် ပို၍အံ့အားသင့်သွားလေသည် "ပြောပါဦး ဒီနှစ်တွေမှာ သူမဘာတွေ ဖြတ်သန်းခဲ့တာလဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 8Où les histoires vivent. Découvrez maintenant