Zawgyi
အပိုင်း (၁၄၆၀) – ရောဂါရှာဖွေခြင်း
ဟော်ကျန့်ကျန်းသည် ထိုမိန်းကလေး၏ တောင်းဆိုချက်ကိုကြား ပြီးနောက် ခေါင်းညိတ်လိုက်သည် "မင်းတို့မှာ အစွမ်းအစရှိတယ်ဆိုတာ ငါ သိပါတယ်၊ ပြန်သွားပြီးနားလိုက်ကြပါဦး စောင့်ကြည့်ကြတာပေါ့ ဒီမိန်းကလေး တွေကို ပြန်ပို့ပေးလိုက်ကြပါဦး"
အစေခံမိန်းကလေးနှစ်ယောက် လျှောက်လာပြီးပြောလေသည် "ဧည့်သည်တော် မိန်းကလေးတို့ ကျေးဇူးပြုပြီး နောက်ကလိုက်ခဲ့ပေးပါ"
ထိုမိန်းကလေးများ ထွက်သွားပြီးနောက်တွင် ဟော်ကျန့်ကျန်းသည် လျှောက်လာပြီး အားနာစွာဖြင့် ပြောလေသည် "အကြာကြီးစောင့်လိုက်ရမယ် ထင်တယ်"
ရင်လန်သည် ရှီမာယူယူဘက်သို့ မေးပင့်ပြပြီး ပြောလိုက်သည် "ငါ ပြောတာမှန်တယ်မလား"
"ဘာလဲ" ဟော်ကျန့်ကျန်းသည် အခြေအနေကို မသိပေ။
"သူတို့က သခင်မရောဂါရဲ့ အကြောင်းအရင်းကိုမရှာနိုင်ဘူးလို့ သူမကို ပြောတာ သူမက မယုံဘူးလေ" ရင်လန် ပြောလိုက်သည်။
ဟော်ကျန့်ကျန်းသည် ရှီမာယူယူကို ကြည့်ပြီး ရင်လန်က ဘယ်တုန်းက မိန်းကလေးနဲ့တွဲသွားတွဲလာလုပ်သွားလိုက်တာလဲဟု သိချင်နေသည်။ ထို့အပြင် ထိုမိန်းကလေးသည် ငယ်သေးပုံပေါက်သည်။
"ရင်လန် ဒါက..."
"သူမက ရှီမာယူယူလေ ရှီမာလျူရွှမ်ရဲ့သမီး" ရင်လန် မိတ်ဆက်ပေးလေ သည်။
"မင်းက အဲဒီကလေးလား" ဟော်ကျန့်ကျန်းသည် သံသယဝင်သွားသည်။ သို့သော် မယဉ်ကျေးလွန်းရာကျမည်စိုးသဖြင့် ပြုံးလိုက်သည်။ "ကျုပ်မင်းကို အရင်ကမြင်ဖူးတယ်"
ရှီမာယူယူသည် ထ,ကာ ဟော်ကျန့်ကျန်းကို နှုတ်ဆက်လိုက်သည်။ "ယူယူ ခေါင်းဆောင်ဟော်ကို နှုတ်ဆက်ပါတယ်၊ ခေါင်းဆောင်ဟော်က အရင် တုန်းက ကျွန်မတို့ကိုကယ်ဖူးတယ်လို့ အဖေပြောပြပါတယ် ခေါင်းဆောင်ဟော် ကိုတွေ့ရင် ကျေးဇူးတင်ရမယ်လို့တွေးထားပါတယ်"
"ဟားဟား အဲနှစ်တုန်းက ငါ အားမထုတ်လိုက်ရပါဘူး မင်းအဖေ မှတ်မိ ဦးမယ်လို့ထင်မထားဘူး" ဟော်ကျန့်ကျန်းသည် သူမကို သဘောကျသွားသည်။ ရှီမာယူယူသည် သခင်မလေးတစ်ယောက်၏ ထောင်လွှားခြင်းမရှိဘဲ ရိုသေသမှု ရှိသည်။
VOCÊ ESTÁ LENDO
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 8
EspiritualBook-8 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြား...