Intro

4.5K 83 1
                                    

ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကို ရေးသားတင်ပြလိုက်ပါသည်။

ကျွန်မနမည်ကတော့ ‌‌ တွယ်တာမေပါ ဆရာမတွေနဲ့ခင်မင်ရင်းနှီးပြီးအလိုက်အထိုက် ကူညီလုပ်ပေးတတ်သည်။ အထက်တန်းကဆရာမတွေနဲ့သိပ်မသိပေမယ့် အခုသင်ရတဲ့ဆရာမတွေကသဘောကောင်းပါတယ် တစ်လလောက်ကြာတော့ အတန်းပိုင်နဲ့ ကျွန်မကအတန်းခေါင်းဆောင်ဖြစ်တဲ့အတွက် အတန်းပိုင်နဲ့ အနည်းငယ်ခင်နေပါပြီ။ အတန်းချုပ်ရဲ့ပြောကြားချက်အရ အထက်တန်းဆရာမအသစ်တွေ ဝင်လာပြီ။ ချက်ချင်းသိရပေမယ့် မြိတ်က ဆရာမကတော့အဝင်နောက်ကျသည်ဟုကြားသည်။အသံဝဲဝဲနဲ့ body structure လှတဲ့ဆရာမဟုကြားရသည်။ ကျွန်မတို့အခန်းက အသစ်ဝင်တဲ့ဆရာမတွေနဲ့ မသင်ရပေမယ့် အသစ်ဆရာမတွေသင်ဖို့အခန်းလိုလာတော့ ကျွန်မတို့အခန်းအပါအဝင် အခန်းအားလုံးက ကျောင်းသားအချို့အခန်းသစ်ထဲရောက်သွားကြသည်။ သူတို့ရဲ့ရွေးချယ်မှုတွေကြောင့် အသစ်ဆရာမ physics ကို လက်မခံဘဲ အဟောင်းနဲ့သာသင်ချင်ကြသည်။ ဒါကြောင့် အသစ်ဖြစ်တဲ့ မြိတ်ကဆရာမဒေါ်စန္ဒာထွေးက သူတို့အခန်းအစား ကျွန်မတို့အခန်းကို ဝင်ရသည်။ စစချင်းဒေါသထွက်မိသည်။သူတို့ခေါ်ရာပါပြီး ဆရာမချိန်းလိုက်တဲ့ ဆရာမအဟောင်းကို ဒေါသထွက်မိသည်။ တစ်ဖြည်းဖြည်း ဒီဆရာမကလည်း အသင်အပြကောင်းသည် စိတ်ရှည်ပြီးနားလည်အောင်ရှင်းပြပေးသည်။ နောက်တစ်ပတ်အကြာမှာ အမေဖြစ်သူပါ ကျောင်းကိုရာထူးအပြောင်းကျကာ ကျွန်မအဖို့ နေရကျပ်တည်းလာသည်။ ၇လပိုင်းအကုန်လောက်မှာ စာစီစာကုံးပြိုင်ပြီးအခန်းအပြန် မထင်ထားတာကြားလိုက်ရသည်။

ရွန်းလဲ့: မေ! ငါတို့အတန်းပိုင်က အတန်းချုပ်ဖြစ်သွားပြီတဲ့ အရင်အတန်းချုပ်က ကျောင်းပြောင်းသွားလို့

တွယ်တာမေ: ဟုတ်လား ဒါဆိုအတန်းပိုင်ကဘယ်သူလဲ

ရွန်းလဲ့: physics ဆရာမတဲ့

အံ့ဩမှုများစွာဖြစ်ရသည်။ ဒါပေမယ့် မယုံကြည်နိုင်သေးပါ ဒါကြောင့်ဆရာမကိုသွားမေးလိုက်သည်။

တွယ်တာမေ: ဆရာမ တကယ်လား

အတန်းပိုင်( ဒေါ်နီနီတင်) : ဟုတ်တယ်သမီး ဟိုဆရာမလေးကလည်းကောင်းပါတယ်

ကောင်းကင်ပေါ်ကစန္ဒာလမင်း(on going)Where stories live. Discover now