Part 2

1.2K 92 3
                                    

DSDH: တာ့ကို လာချော့ချင်ပါတယ် ဒါကြောင့် ထွက်လာဖို့ပြင်လိုက်တယ်

"တာ "ဆိုတာ တွယ်တာမေဆိုတဲ့နမည်အလယ်လေးပေါ့ ဘယ်သူနဲ့မှမတူချင်လို့ တာလို့ခေါ်တာပါ သူထွက်လာဖို့အပြင်မှာပဲ Dနီနီတင်က ထမင်းပေးနေတာကို မြင်လိုက်ရသည်။ သူမရဲ့စိတ်ထဲဝမ်းနည်းမှုတွေအပြည့်နဲ့ပါ နောက်ကျသွားပြန်ပြီလေ တာ့ ရှေ့မှာသူမရဲ့အချစ်တွေကို ချ​ မပြရဲခဲ့တာ သူမအတွက် နောင်တတွေရစေခဲ့သည်။ တိတ်တခိုး ချစ်နေခဲ့မိတာကြာပေမယ့် ဖွင့်ပြောဖို့ရာလည်းခက်ပါသည်။ ဖြစ်မှမဖြစ်နိုင်တာ

.........

" တာလာပါအုံး "

" ဘယ်သူကိုခေါ်တာလဲ "

မေကတော့ ကိုယ့်ကိုကိုယ်လည်းမေ သူငယ်ချင်းတွေလည်း မေလို့ ခေါ်တော့ မေ ပဲ သုံးသည်။ တာ ဆိုတော့ ဘယ်သူမှန်းမသိပါဘူး

" ဘယ်သူရှိရမှာလဲ ရှင်လေးပေါ့ "

မလှမ်းမကမ်းကနေ လက်လှမ်းခေါ်ပေမယ့်သူလေးကမသိရှာဘူး ခေါင်းလေးနောက်လှည့် ဘေးလှည့်နဲ့ သူကိုပြောမှန်းမသိဘဲ ရှာနေသည်။ ဒါကြောင့် သူရှေ့တည့်တည့်ကိုသွားပြီး သူလက်လေးကို ဆွဲကာ အဆောင်နောက်ဆီသို့ ဦးတည်.....

" အ​​မေ ဘာလုပ်တာလဲ "
လက်ကိုဆွဲပြီးခေါ်လာတော့ ဘာမှန်းမသိ ခေါ်ရာနောက် ယောင်လည်လည်ပါလာသူလေးက အသားကဖြူဥဥလေး အနည်းငယ်လေးပြည့်ပြီး ၅ပေကျော်ရုံလောက်ပဲရှိသည်။ မျက်ခုံးသွယ်သွယ်နဲ့ ဆံပင်က ဂုတ်ဝဲလေးနဲ့ လည်ပင်းထိရုံ နှုတ်ခမ်းလေးက ပန်းရောင်သွေးပြီး ပြုံးလိုက်ရင် ပါးချိမ့်လေးကထင်းလို့ ကောင်လေးတွေအပြင် ကောင်မလေးတွေကြားမှာပါ ကြိုက်လောက်တဲ့ ရုပ်ရည် သို့သော် အခုထိရည်းစားမထားခဲ့သေးသောသူ ယောကျာ်းတွေကိုမယုံလို့ သူအားကိုယ်ကိုးနေသူပါ

" အမေ လို့မခေါ်ပါနဲ့တော့ "

မေခေါင်းထဲ နားမလည်ချင်များစွာ မေကိုဆက်ဆံပုံကထူးဆန်းလို့နေသည်။ မေ့ထက် အရပ်ရှည်ပြီး ဒေါင်ကောင်းတဲ့ သူမကို အံ့ဩခြင်းမျက်လုံးများနှင့်မော့ကြည့်နေရသည်။ သူမရဲ့မျက်ဝန်းများထဲမှာတော့ ငိုတော့မယ့်ပုံပဲ

ကောင်းကင်ပေါ်ကစန္ဒာလမင်း(on going)Where stories live. Discover now