Part 6 🔞🔞(Uni+Zawgyi)

3.3K 107 1
                                    

" ငါ အနက်ကြီးမသွားဖို့ ပြောပေမယ့် ဆရာမက သွားတာမသိလိုက်ဘူး သူကြွက်တက်ပြီး ရေနစ်တာလား မသိဘူး "

တာ အရမ်းစိတ်ပူပြီး အုန်းသီးကိုပါ လွှင့်ပစ်ပြီး လေရဲ့အလျင်အတိုင်းပြေးလာသည်။ အမြန်ဆုံး သူမကို ပွေ့ချီလာရသည်။

" ဆရာမ ဆရာမ......"
သူမ နိုးမလာပေ တာ အရမ်းစိတ်ပူသွားသည်

" ပြောတော့ သူလက်နာနေတယ်ဆိုပြီးသူရဲ့အချစ်ကိုကျ ချီလိုက်တာများ ငှက်မွှေးကျနေတာပဲ "

တာ ကြိုးစားကြည့်ပေမယ့် လုံးဝမရပေ နောက်ဆုံး အရေးပေါ်အသက်ကယ်နည်းအတိုင်းပဲ သူမရဲ့နှုတ်ခမ်းကိုနမ်းရှိုက်လိုက်မိသည်

အခုမှပဲသူမက ရေပြန်ထွက်ပြီး သတိရလာတော့သည်

" ကလေး........"

သူမ သတိရလာလို့ တာ စိတ်အေးရသည်

" ပြန်ရအောင် " တာသူကို ပွေ့ချီလိုက်သည်

တာ တို့ ရေစိုနေသည်အတွက် နှစ်ယောက်လုံး အဝတ်လဲလိုက်ရသည်။

" ဆရာမ အဆင်ပြေရဲ့လား တာ အရမ်းစိတ်ပူသွားတယ် "

" ပြေပါတယ်ကွယ် "
ကုတင်ပေါ်မှာထိုင်နေတော့သည်

" တာ့ကိုစိတ်ဆိုးနေသေးလား "
တာလည်းသူဘေးနားကိုအရဲစွန့်ကာထိုင်မိသည်

" ဘယ်သူကဆိုးတယ်ပြောလို့လဲ ဒီကသဝန်တိုလို့ဟာကို လာမချော့ဘူး ပစ်ထားတယ် ကလေးစုတ် "
ဟုဆိုပြီး တာ့ ရင်ကိုသူလက်နဲ့လာထုသည်

" သူပဲရှောင်နေပြီတော့ တာကတော့ တာ့ကို မုန်းသွားပြီထင်နေတာ "

ကိုယ်ချစ်ရတဲ့ကလေးမလေး မျက်ရည်တွေဝဲသွားသည်

" မမုန်းပါဘူးနော် ဘယ်တုံးကမှ မမုန်းခဲ့ဖူးဘူး "
မမုန်းဘူးပြောမှ ငိုနေသောကလေးမကို မျက်ရည်တွေသုတ်ပေးရသည်

" မမုန်းပါဘူးဆို ဘာလို့ငိုနေတာလဲ မငိုနဲ့နော် "

" ဒါဆို ခွင့်ပြုမယ်မလား "
သူ မျက်ဝန်းကမျှော်လင့်ချက်တွေအပြည့်နဲ့ခွင့်တောင်းသည်

" ဘယ်ကိုလာကိုင်တာလဲ "

" လက်ကိုပဲ ကိုင်တာလေ "

ကောင်းကင်ပေါ်ကစန္ဒာလမင်း(on going)Where stories live. Discover now