စနေနေ့တစ်ရက် ကျူရှင်အပြန် ဒေါ်စန္ဒာထွေးဆီသွားဖြစ်ခဲ့သည်။ တစ်ယောက်တည်းသွားဖြစ်ခဲ့ပေမယ့် နေ့လယ်ချိန်မို့ ထမင်းရအောင်ကျွေးသည်။ ချက်ချင်းပြန်မလို့ပေမယ့် အခုလိုကြောင့် မပြန်ဖြစ်ခဲ့ မေမေကိုပါဖုန်းဆက်ပြီး မွေးစားလိုက်တော့မယ်ဟုပြောကာ ခေါ်ထားလိုက်သည်။ ထမင်းစားပြီး သာခွေယိုင်ပါ ထပ်လုပ်ကျွေးသေးသည်။ မစားနိုင်တော့ပါ သူကတော့ဝင်လဲနေလေရဲ့ အိပ်ရာပေါ်မှာ ထိုင်ရတဲ့သူလည်းအိပ်ရာပေါ်မှာ
မေ: ထမင်းစားပြီးအိပ်နေတယ်
ဒေါ်စန္ဒာထွေး : ဟုတ်တယ်
မေ: ခြေထောက်တွေညောင်းလိုက်တာ
ဒေါ်စန္ဒာထွေး : လာလှဲလေ
ထိုင်နေတဲ့သူကို လာပြီးလှဲဖို့ခေါ်သည်။ ခြေထောက်ညောင်းနေတာနဲ့ လှဲလိုက်မိသည်။ လှဲလိုက်တာနဲ့ လူကိုလာဖက်ပြီး ခြေထောက်နဲ့ ခွ ထားသည်။
ဒေါ်စန္ဒာထွေး : ဆောင်းတွင်းဘက် အေးရင်အခုလိုဖက်ထားချင်တယ်
မေ: အိမ်မှာဆိုတစ်ယောက်တည်းအိပ်တာ အေးရင် စောင်ခြုံလိုက်ပြီးကွေးနေရတယ်
ဒေါ်စန္ဒာထွေး : အမေနဲ့တူတူမအိပ်ဘူးလား
မေ: မအိပ်ဘူးတစ်ခန်းစီ
အိပ်ရာထဲမှာ ဓာတ်ပုံတွေရိုက်ကြသည်။ ဆရာမက မေကို ဖက်ထားသည်။ မျက်နှာချင်းဆိုင်လေးဆိုတော့ ကပ်ကပ်လေးပေါ့။ ဒေါ်စန္ဒာထွေး(မေမေ)က မေရဲ့နှုတ်ခမ်းကိုနမ်းပြီး တင်းနေအောင်ဖက်ထားသည်။ အံ့ဩသွားပေမယ့် ထလည်းထိုင်မရဘူး။ အိပ်ဖို့လုပ်ပေမယ့် အိပ်မပျော်ပါဘူး ရင်တွေသာ ခုန်နေရသည်။ခဏနေတော့ မေမေက သူဖုန်းနဲ့ရိုက်ပြီးအရင်တုံးကပုံလေးတွေကိုပြသည်။ ငယ်ငယ်တုံးကချောလိုက်တာ ပိန်လည်းပိန်သေးသည်။
ညနေသုံးနာရီလောက်ဖြစ်တော့ ပြန်ဖို့သင့်ပြီလေ ထထိုင်ပြီး ဒေါ်စန္ဒာထွေးက ရှုပ်ပွနေတဲ့ခေါင်းကို ဘီး ဖြီးပေးသည်။ ကြင်ကြင်နာနာနဲ့ပျော်စရာကြည်နူးစရာလေးတွေနဲ့ပေါ့။ အိမ်ပြန်လိုက်ပို့ပေးဖို့ကို စက်ဘီးလေးစီးပြီး နောက်က ခါးကိုဖက်လိုက်ခဲ့သည်။ မောတဲ့အချိန်တွေမှာ နားပြီး လမ်းလျှောက်လိုက် လမ်းမှာ ပန်းပင်တွေတွေ့ရင်ဓာတ်ပုံရိုက်လိုက်နဲ့ အိမ်ကိုရောက်မှန်းမသိကို ရောက်လာခဲ့သည်။