Part 4

1.1K 72 12
                                    


" တာ ကလည်း ရေချိုးတာကြာလိုက်တာ ထမင်းပဲ​ွပြင်ထားတာ ဟင်းတွေအေးကုန်တော့မှာပဲ "

ရေချိုးခန်းရှေ့သွားပြီး တံခါးခေါက်လိုက်သည်။

" ဒေါက်ဒေါက်
တာ မပြီးသေးဘူးလား "

" ပြီးတော့မယ် လာပြီ "
တာ အသံကြားရပြီ သိပ်မကြာဘူး တာ ရေချိုးခန်းထဲက ထွက်လာသည်။ ဆံပင်ရေစိုနဲ့ ရေလဲဝတ်ကလည်း စိုလို့နေသည်။

" တာ ခေါင်းလျှော်လိုက်တာလား "

" ဟုတ်တယ် တာ ညီးစီစီ ဖြစ်နေလို့ "

" ကလေးရယ် နေမကောင်းဖြစ်နေအုံးမယ် လာ တို့ သုတ်ပေးမယ် ကုတင်ပေါ်လာထိုင် "

စန္ဒာက ကုတင်ဘေးက ပလက်ပေါက်မှာ dryer ကြိုးကိုတပ်လိုက်သည်။ တာက ခေါင်းကို ပုဝါနဲ့သုတ်နေရင်း ရေလဲဝတ်အဖြူနဲ့ ကုတင်စောင်းမှာထိုင်စောင့်နေသည်။ စန္ဒာက မတ်တပ်ရပ်ပြီး တာ့ ခေါင်းကိုဖွဖွပေးရင်း dryer မှုတ်ပေးနေသည်။

အဲဒီအချိန်မှာ စန္ဒာ့မျက်လုံးကိုစူးစိုက်စွာမော့ကြည့်နေတဲ့ တွယ်တာစရာသူမျက်ဝန်းတွေ က စန္ဒာ့ရင်ခုန်သံတွေကိုမြန်စေသည်။ ပန်းနုရောင်သန်း သူနှုတ်ခမ်းဖူးကစကားသံ​တွေ နှုတ်ထွက်လာဖို့ ဟန်ပြင်လိုက်သည်။

" အခု အိမ်မှာဆိုတော့ ဘယ်လိုခေါ်ရမလဲ ဆရာမလို့ပဲ ခေါ်ရမှာလား "

" အမှန်တိုင်းပြောရရင်လေမိန်းမလို့လည်းမခေါ်နဲ့ မကြိုက်ဘူး ဆရာမ ဆိုတာလည်းတို့တွေကိုစည်းခြားလိုက်သလိုပဲသိလား ရှေ့ဆက်ဖို့ကို အဲစကားလုံးက တားဆီးနေတယ် ကိုယ်လည်း ကိုယ့်ကိုယ်ကို ဆရာမပဲ စွဲနေတာ "

တာ့ကို စကားပြောပြီးချိန်မှာ တာ့မေ့လေးကို ဆွဲကိုင်ရင်းမေးလာသည်။

" တို့တွေ အဖြေရှာကြမလား ဒါဆို မင်း ဘယ်လိုခေါ်ရမလဲဆိုတာ သိလာမှာပေါ့ "

dryer မှုတ်တာကိုပိတ်လိုက်ပြီး စိုစွတ်နေတဲ့ တာ့ခေါင်းလည်း ခြောက်သွားပြီ သူမက dryerကို စားပွဲပေါ် တင်လိုက်သည်။

" တာ ဘယ်လိုလုပ်ရမလဲ "

" အခုတော့ ဆရာမ အစား" တို့ "လို့သုံးမယ် တို့ ပြောတဲ့အတိုင်းလိုက်လုပ်ပေး "

ကောင်းကင်ပေါ်ကစန္ဒာလမင်း(on going)Where stories live. Discover now