Part 9 (Uni+Zawgyi )

1.1K 65 5
                                    

၁၀နှစ် ကြာပြီးနောက်...................

" hello မေမေ သမီး လေဆိပ်ကိုရောက်ပြီ "

" ငါ့သမီးလေး မေမေအပြင်မှာစောင့်နေတယ် "

" ဟုတ်ဟုတ် "

လက်ဆွဲအိတ်ကိုကာ ကျော့ကျော့မော့မော့ စတိုင်ပန့်အနက်နဲ့ ရှပ်အကျီအဖြူကိုဝတ်ဆင်ထားသည်။ ကျောလောက်ထိရှိတဲ့ ဆံပင်နဲ့ 5ပေ 7လက်မရှိနေပြီ ဖြစ်တဲ့အရပ်

" တွေ့ရပါပြီ အမေကိုပစ်ပြီး သူ့ချစ်ရသူကိုယူဖို့ အပတ်တကုန်း ကြိုးစားပြီးအလုပ်လုပ်ခဲ့တဲ့ မေ့သမီးလေး "

" ဟော မေမေကလည်း မသွားခင်ကလည်းအဲ စကားပဲပြောတယ် အခုလည်း ပြန်ရောက်တာနဲ့ဒါပဲပြောတာလား ဒါနဲ့သူရော မပါဘူးလား "

မေမေသည် တာတို့အကြောင်းကိုသိနားလည်ပြီး တာ စိတ်ချမ်းသာဖို့ကိုပဲဦးစားပေးတာမို့လို့ တာကိုဆို အမြဲစတတ်သည်။(အဲလိုအမေမျိုးရခဲတယ်နော်)

" သူက မအားဘူးလေ အခုကကျောင်းချိန်ဆိုတာရောသိရဲ့လား "

" မေမေကလည်း တာကဘယ်သိမှာတုံး သူမျက်နှာလေးကိုမြင်ချင်လှပြီ "

" တော်တော်မမြင်ရရှာဘူးဆိုတော့ ညတိုင်းvcပြောနေကြပြီးတော့ သူ ညနေကျရင် တာ့ကိုလာတွေ့မယ်ပြောတယ် ဒီမှာလည်း အကြိုလက်ဆောင်လေးပေးလိုက်ပါသေး "

"ဟုတ်လား"
postcard တစ်ခု ပန်းရောင်ပန်းပွင့်လေးတွေနဲ့ အသဲပုံပါတဲ့ postcardလေး မောင်သို့ဆိုပြီး

" တို့ လာမကြိုနိုင်လို့တောင်းပန်ပါတယ် စာမေးပွဲနီးပြီးဆိုတော့ ခွင့်ယူလို့မရဘူး တာ့မေမေရော တို့ရော မရှိရင် ကလေးတွေက Physics ကိုဝင်မယ့်လူမရှိဖြစ်နေမယ် အာကြောင့် တို့ကိုစိတ်မဆိုးရဘူးနော် "

" မေမေရယ် တာ့ကိုများ ရှင်းပြနေလိုက်တာ စာတစ်တန်ပေတစ်တန်နဲ့ပါလား "

" နင်တို့တွေ သိပ်ကိုပိုကြတယ် "

" ဒါအချစ်စစ်ရဲ့သဘာဝပဲလေ "

" မနိုင်ဘူးဟေ့ "

..........................

အိမ်ထဲရောက်လာတော့ အိမ်အငွေ့အသပ်လေးက အရင်တိုင်း တာ့အိပ်ခန်းလေးကလည်း နှစ်တွေကြာခဲ့ပေမယ့် လက်ရာမပျက် တာရှိစဥ်ကအတိုင်းပဲ

ကောင်းကင်ပေါ်ကစန္ဒာလမင်း(on going)Where stories live. Discover now