ညရောက်တော့ တာတို့အဖွဲ့ မီးပုံပွဲ လုပ်ကြတယ် ပုဇွန်တွေ ကင် ငါးတွေကင်နဲ့ တကယ်ကိုပျော်ဖို့ကောင်းတယ် ဂိမ်းတွေလည်းဆော့ဖြစ်ကြသည်။
" ခဏလေး ငါတစ်ခုပြောစရာရှိလို့ ဆရာမတို့..."
" ပြောလေ သမီး "
သူဘာပြောမယ်မှန်းမသိပေမယ့် သူကြောက်နေတာတော့သိသည်
" မကြောက်ပါနဲ့ပြောပါဟ "
" သမီးနဲ့ ဆရာမဒေါ်ခင်သီတာမိုး က ချစ်သူတွေပါ "
အရဲစွန့်ပြီးပြောလိုက်ပေမယ့် ခင်ကတော့ခေါင်းမဖော်ရဲပေ" ဟမ် မြရေ နွယ်တို့တော့ အတွဲနှစ်တွဲကို ခေါ်လာမိပြီထင်တယ် "
သချာ်ဆရာမ ဒေါ် နွယ်နီ နဲ့ မြန်မာစာဆရာမ မြသစ္စာတို့ကတော့ အံ့သြနေလေရဲ့
" ဟုတ်ပါ့ ပြောတော့ ဒီအပျိုကြီးကယောကျာ်းမယူပါဘူးဆို အခုတော့ ယောကျာ်းမရဘဲ မိန်းမရနေပါလား"
" ကဲ မြတို့ကလည်း ခင့်ကိုမစကြပါနဲ့ သူတော်တော်ရှက်နေပြီ "
တာ့အမျိုးသမီး ဒေါ်စန္ဒာထွေးမှ ဝင်ပြောလိုက်ခြင်းသာသူမ ဝင်ပြောပြီးတော့ သူမ အဖေဆီမှ ဖုန်းလာသည် တာတို့စုထိုင်နေတဲ့ နေရာကနေ ကမ်းစပ်အဝေးနားကိုလျှောက်သွား၍ပြောနေသည် ဒီအချိန်မှာ တာ့ရဲ့အခွင့်ကောင်း
" ဆရာမတို့ကို တာ ပြောစရာရှိလို့ "
" ဘာလဲ သမီးပြောလေ အားမနာပါနဲ့ "
ဆရာမတို့ရော ရွန်းမ ပါဂရုတစိုက် နားထောင်နေကြသည်" ဒီလို တာ့ရဲ့ဆရာမ မွေးနေ့မှာ ဆရာမတို့ကို ဝိုင်းကူညီပေးပါလားပြောမလို့ သူကို surpriseလုပ်ချင်လို့ပါ "
" နင်ကလည်း ကူပေးမှာပေါ့ဟ "
" အင်းဟုတ်တယ် ဆရာမတို့ ဘာကူညီပေးရမလဲ "
" ဒီလို............"
ဟိုမှာ စန္ဒာ မရှိတုံး ဘာတွေ ခေါင်းချင်းဆိုင်ပြောနေကြမှန်းမသိဘူး စန္ဒာကိုပဲ လျိုထား ကြတာလား စန္ဒာ မြန်မြန်ပြောပြီး ဖေဖေကိုလည်း စိတ်ချပါအကြောင်း ပြောလိုက်သည်
" ဟိုမှာ ဆရာမလာပြီ "
" အော်အေး တာ ပြောလက်စကိုရပ်လိုက်သည် "
ရွန်းမကို ဖုန်းခေါ်မည်ဟု အချက်ပြလိုက်သည်