Part-10

938 29 2
                                    

" မမလေး ဧည့်သည်ရောက်နေပါပြီ "
" ဝင်ခိုင်းလိုက် "

တာ ဝင်လာတဲ့အချိန်မှာ အပေါက်ဝနှင့် လျှောက်လမ်းကြားအဝေးကြီးသွားရသေးသည်။သူမရဲ့ ရုံးခန်းက အိမ်တစ်အိမ်စာလောက်ရှိသည်။ luxury ပစ္စည်းတွေအပြည့်နှင့် သူမ အလုပ်စားပွဲအနောက်မှာလည်း စာအုပ်စင်တစ်ခု ထား‌ထားသေးသည်။ စာဖတ်ရတာကြိုက်မည့်ပုံပင်

" အန်တီနိုင် တာရောက်ပါပြီ "
" တွယ်တာမေ ရောက်လာပြီပေါ့ ကလေးကိုတစ်ခါပဲတွေ့ဖူးပေမယ့် အန်တီနိုင် ကတော့ မင်းပုံရိပ်လေးကို မှတ်မိနေပြီ ကလေး ပိန်သွားတယ်နော်  ထိုင်ပါအုံး "

" ဟုတ် အန်တီနိုင် ဒီရောက်တည်းက ဝိတ်ချမလို့လေ "

" ဘာလို့ချမှာလဲ မချပါနဲ့လား ဒီအတိုင်းလေးက ကြည့်ကောင်းတာကို ဒါနဲ့ အန်တီနိုင်ရဲ့ကုမ္ပဏီမှာလုပ်ဖို့သေချာဆုံးဖြတ်ပြီးပြီလား "

သေချာစိုက်ကြည့်၍လေးနက်စွာ မေးလိုက်ခြင်းဖြစ်သည်။

ရောက်ပဲရောက်နေပြီ မေးနေသေးတယ် တာ့ အနေနဲ့ မေမေတို့ အတင်းပြောနေလို့သာ လာလုပ်ရပေမယ့် မလုပ်ချင် ဒါပေမယ့် ကိုယ့် Boss ဖြစ်မယ့်သူဆိုတော့ မလိမ်ချင်လဲလိမ်ရအုံးမယ်

" ဟုတ် ဆုံးဖြတ်ပြီးပါပြီ အန်တီနိုင် တာ ဘယ်မှာအလုပ်လုပ်ရမလဲ တာ လုပ်ရမယ့်တာဝန်တွေပြောပေးပါအုံး "

ရုတ်တရက် ထိုင်ခုံကနေထလာပြီ အန်တီနိုင်က ကိုယ့်ပခုံးကိုလာကိုင်သည်။

" လောလှချီလား ကလေးရဲ့ အန်တီနိုင်က မင်းကို ကြိုဆိုတဲ့အနေနဲ့ ထမင်းလိုက်ကျွေးချင်လို့ပါ "

သူ့ဝန်ထမ်းတွေရှေ့မှာကျ ခက်ထန်နေပြီ အခုကျတော့ပျားရည်လောင်းချထားသလိုပဲ ‌စိတ်ကလည်းပြောင်းလဲမြန်ပါ့

" တာ မစားတော့ပါဘူး အန်တီနိုင်ဘာသာပဲ..." ပြောလို့မပြီးခင်မှာပဲ အန်တီနိုင်က ကြားဖြတ်ဝင်ပြောသည်။

" ထမင်းစားရင်း အလုပ်ကိစ္စ‌လည်းပြောမှာမို့လို့ လိုက်ခဲ့ပါ ခုနက ကလေးသိချင်တဲ့ ဟာကိုပေါ့ "

ဟူး... စ လာမိတဲ့နေ့တည်းက မလွယ်ပါလား

" အော် ဟုတ် ရပါတယ် ဒါနဲ့ toilet လေးခဏသွားချင်လို့ "

ကောင်းကင်ပေါ်ကစန္ဒာလမင်း(on going)Where stories live. Discover now